သင်အိပ်နေတဲ့အချိန်မှာ ဝိတ်ကျစေဖို့အတွက် ကူညီပေးမယ့်အရာ ၄ ခုကို ပြောပြပေးလိုက်ပါတယ်။ သိသိသာသာကြီး ဝိတ်ကျသွားတာမျိုးမဟုတ်ပေမယ့် သေချာစွဲလုပ်မယ်ဆိုရင်တော့ ဖြေးဖြေးချင်းစီ ဝိတ်ကျလာမှာပါ။ ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ အရာတွေဖြစ်တာကြောင့် ဝိတ်ကျချင်သူ၊ ကိုယ်ရည်စစ်ချင်သူတွေအားလုံး Try ကြည့်သင့်ပါတယ်။

မှောင်ပြီးတိတ်ဆိတ်တဲ့အခန်းမှာအိပ်ပါ

အိပ်ရေးမဝရင်၊ ကောင်းကောင်းမအိပ်ရရင် ပုံမှန်ထက်ပိုပြီး ဝိတ်တက်လာစေပါတယ်။ ဒါကြောင့် ကောင်းမွန်စွာအိပ်စက်နိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ ညဘက်တွေကို အိပ်ချိန်ပုံမှန်ထားပြီး အိပ်ပေးပါ။ အိပ်တဲ့အခါမှာလည်း နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ မှောင်ပြီး တိတ်ဆိတ်တဲ့အခန်မျိုးမှာ အိပ်ရပါတယ်။

Green Tea တစ်ခွက်သောက်ပါ

Green Tea ကို ပုံမှန်သောက်ပေးခြင်းက ကျန်းမာရေးကောင်းစေပြီး အသားအရေနဲ့ဆံပင်အတွက်လည်း ကောင်းပါတယ်။ ဒ့ါအပြင် ဝိတ်လည်းကျစေပါတယ်။ ဝိတ်ကျပြီး နှစ်နှစ်ခြိုက်ခြိုက်နဲ့ မြန်မြန်အိပ်ပျော်စေဖို့ဆိုရင် ညအိပ်ယာဝင်ခါနီးတိုင်းမှာ Green Tea တစ်ခွက်သောက်ပြီး အိပ်ပေးပါ။

အေးတဲ့အခန်းမျိုးမှာအိပ်ပါ

ကိုယ်အိပ်တဲ့အခန်းက အပူချိန်အရမ်းများနေရင် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ တော်ရုံနဲ့လည်း အိပ်မပျော်ပါဘူး။ အေးနေတဲ့ cold temperature ကတော့ အဆီပိုတွေလောင်ကျွမ်းစေဖို့ ကူညီပေးနိုင်ပြီး အဆီကျဖို့လည်း ပိုလွယ်ကူစေပါတယ်။ ဒါကြောင့် အေးတဲ့အခန်းမျိုးမှာအိပ်ပေးပါ။

နွားနို့ပူပူသောက်ပါ

အိပ်ယာမဝင်ခင်မှာ နွားနို့ပူပူလေးတစ်ခွက် သောက်ပေးခြင်းကလည်း အဆီပိုတွေကို လျှော့ချပေးပြီး ကောင်းမွန်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ Green Tea မရှိရင် နွားနို့ပူပူလေး သောက်ပေးလို့ရပါတယ်။