မိတ်ကပ်က သင့်ရဲ့အသွင်အပြင်ကို ပြောင်းလဲပေးတဲ့ စွမ်းအားပြင်း လက်နက်ကိရိယာတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာရှင်တွေအတွက်ကတော့ မိတ်ကပ်ကမရှိမဖြစ် အရေးကြီးတဲ့ပစ္စည်းတစ်ခုဆိုလည်းမမှားပါဘူး။ စတိတ်စင်ပေါ်မှာ တင်ဆက်ဖျော်ဖြေရတဲ့အခါ လူအများကြားမှာ ထင်းခနဲပေါ်လွင်နေဖို့အတွက် မိတ်ကပ်မလိမ်းချင်လည်း လိမ်းကြရပါတယ်။

အိုင်ဒေါတွေက မိတ်ကပ်မလိမ်းရင်လည်း ပင်ကိုအလှနဲ့ ချစ်စရာကောင်းနေသလို မိတ်ကပ်လိမ်းလိုက်ရင်လည်း ဆွဲဆောင်မှုအားပြင်းတဲ့သူတွေ ဖြစ်သွားပါတယ်။ ဒါဆိုရင် သူတို့တွေရဲ့ မိတ်ကပ်မလိမ်းခင်ပုံနဲ့ မိတ်ကပ်လိမ်းပြီးသားပုံလေးတွေရဲ့ ခြားနားချက်ကို အတူတူရှာကြည့်လိုက်ရအောင်။

Baekhyun

အတောင့်တင်းဆုံး မိန်းကလေးဖန်တွေကို ပိုင်ဆိုင်ထားတဲ့ EXO အဖွဲ့ဝင် Baekhyun ကို ပေါ့ပေါ့ပါးပါးမိတ်ကပ်လေးနဲ့ဆိုရင် ချစ်စရာကောင်းတဲ့ပုံစံပေါက်နေတာကို မြင်တွေ့ရမှာပါ။ မျက်ကပ်မှန်လေးတပ်ပြီး မိတ်ကပ်ထူထူလိမ်းလိုက်တဲ့အခါမှာတော့ ဆွဲဆောင်မှုရှိသွားတာကိုတော့ ငြင်းလို့မရဘူးမလား။

Seulgi

Red Velvet အဖွဲ့ဝင် Seulgi ကလည်း စင်ပေါ်မှာ ဖျော်ဖြေတဲ့အခါ သီချင်းနဲ့လိုက်ဖက်မှုရှိအောင် ပြင်ဆင်ခြယ်သထားရတယ်လို့ သူမရဲ့ချစ်ပရိသတ်တွေကို ပြောပြထားပါတယ်။

Jennie

ချစ်စရာမိန်းမချောလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Black Pink အဖွဲ့ဝင်ထဲက Jennie ကတော့ မိတ်ကပ်မလိမ်းထားဘဲ မျက်မှန်လေးတပ်ထားတဲ့ပုံက ချစ်စရာကောင်းသလို ခပ်မိုက်မိုက်အဝတ်အစားဝတ်ထားပြီး မိတ်ကပ်ပြင်ဆင်ခြယ်သထားတဲ့အခါမှာတော့ နတ်သမီးလေးအလားလှပနေပါတော့တယ်။

Jimin

BTS အဖွဲ့ဝင် Jimin ကတော့ စတိတ်စင်ပေါ်မှာ ဖျော်ဖြေရမယ်ဆိုရင် ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်အသွင်ပြောင်းပြီး မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားပါတယ်။

Taeyeon

Girls’ Generations အဖွဲ့ဝင် Taeyeon ရဲ့နူးညံ့ချောမွေ့တဲ့အသားအရေလေးက သူမကို နုနယ်ပျိုမြစ်နေတဲ့ပုံပေါက်စေပါတယ်။

အခြားအိုင်ဒေါတွေကရော ဘယ်သူတွေဖြစ်မလဲ။

Kang Daniel

Mamamoo အဖွဲ့ဝင် Hwasa

Chungha

Source: Soompi.com