အင်္ကျီတိုင်းမှာ အဝတ်လျှော်တဲ့အခါ လျှော်ဖို့အတွက် အညွှန်းလေးတွေပါတာ အားလုံးသတိထားမိမှာပါ။ ဒါပေမယ့် အညွှန်းအတိုင်း မလျှော်မိလို့ဘဲဖြစ်ဖြစ် ၊ လျှော်တဲ့အခါ အသုံးပြုတဲ့ရေအပူချိန်ကြောင့် လျှော်လိုက်တဲ့အခါ ဝယ်လာတုန်းကထက် ကျယ်သွားတဲ့အခါ တကယ်နှမြောစရာပါ။ ဒါပေမယ့် စိတ်မပူပါနဲ့။

ဒီလိုမျိုးကျယ်သွားတဲ့ အင်္ကျီတွေကို ဝယ်လာခါစလို ပြန်ကျုံစေဖို့ အိမ်မှာနေရင်း စမ်းကြည့်လို့ရတဲ့ DIY နည်းတချို့ရှိပါတယ်။

ရေအိုးကြီးတစ်လုံးကို ဆူအောင်တည်ထားပြီးရင် အဝတ်ကို သေချာမြုပ်အောင်ထည့်လိုက်ပါ။ ၅-၇ မိနစ်လောက် ထားပြီးမှ ထုတ်ပေးပါ။ မထုတ်ခင် အအေးခံပြီး ဘယ်လောက်ကျုံ့သွားလဲ စစ်ဆေးကြည့်ပါ။ ပြီးမှ အခြောက်ခံပါ။ သတိထားရမှာက ချည်ထည်တွေက တခြားအထည်တွေထက် မြန်မြန်ကျုံ့နိုင်ပြီး တစ်ခါတစ်လေ အရောင်ထွက်တတ်တာမလို့ အဖြူရောင်အဝတ်တွေနဲ့မရောဘဲ ခွဲလုပ်ပါ။

အရင်ဆုံး ကျုံ့ချင်တဲ့အဝတ်တွေကို လျှော်စက်ထဲထည့်ပြီး ရေနွေးပူပူလောင်းထည့်လိုက်ပါ။ လျှော်တဲ့အခါ အချိန်အကြာဆုံးနဲ့လျှော်ပေးပါ။ ပြီးမှ သူတို့ကိုထုတ်ပြီး အခြောက်ခံစက်ထဲထည့်ပါ။ အခြောက်ခံတဲ့အခါမှာလည်း အမြင့်ဆုံးအပူချိန်ကို သုံးပေးပါ။

အဝတ်ခြောက်စက်မသုံးချင်ဘူးဆိုရင်တော့ ဒီအတိုင်းလေနဲ့အခြောက်ခံလို့လည်း ရပါတယ်။ အဝတ်လျှော်စက်ထဲက ထုတ်ပြီးရင် ရေကိုအရမ်းမညစ်ဘဲ သဘာဝအတိုင်း စိမ့်ကျနေပါစေ။ လှမ်းတဲ့အခါ ရောင်စုံချည်သားအဝတ်အစားတွေကို နေရောင်တိုက်ရိုက်မှာမလှန်းဘဲ နေရောင်ခြည်နဲ့ အပူရှိန်လုံလောက်တဲ့နေရာမှာ လှမ်းပေးပါ။

တခါတလေ ရာသီဥတုကြောင့် အဆင်မပြေတာမျိုးဖြစ်တဲ့အခါ စိတ်မပူပါနဲ့၊ ဖြေရှင်းစရာတစ်ခုရှိပါသေးတယ်။ အဝတ်ကို Hair Dryer နဲ့ အမြင့်ဆုံးအပူပေးပြီး မှုတ်ပေးပါ။ မှုတ်တဲ့အခါ အဝတ်ကို ညီတဲ့မျက်နှာပြင် သို့မဟုတ် သံပန်းဘုတ်ပေါ်မှာ ဖြန့်ပါ။ တစ်ပိုင်းပြီးတစ်ပိုင်းအာရုံစိုက်ပြီး ခြောက်သွားအောင်မှုတ်ပါ။

သတိထားရမှာက ပိုးသားအဝတ်တွေက အပူနဲ့ထိတာများလွန်းရင်တော့ အရမ်းကျုံ့ပြီး Shine ဖြစ်တာတွေပျောက်သွားတာမလို့ အပူချိန်ကို သတိထားသင့်ပါတယ်။ ဒါ့အပြင် ပိုးသားအထည်များကို လျှော်တဲ့အခါ ကလိုရင်း သို့မဟုတ် အရောင်ချွတ်ဆေးအခြေခံ ဆပ်ပြာများကို ရှောင်ပါ။ ပွက်ပွက်ဆူနေသောရေထဲထည့်ရင်လည်း အဝတ်ကိုထည့်ပြီးရင် အပူကိုချက်ချင်းပိတ်ပါ။ မခြောက်ခင် အအေးခံထားပါ။

ဒါ့အပြင် ဂျင်းဘောင်းဘီ၊ ဂျင်းဂျာကင် တွေဆိုရင်တော့ သူတို့ကို ရေနွေးအိုးထဲ ပစ်ထည့်လိုက်ပါ။ မီးမပိတ်ခင် မိနစ် 20-30 လောက် ပြုတ်ထားလိုက်ပါ။ ပြီးမှ အအေးခံပြီး အခြောက်ခံလိုက်ပါ။