လူတိုင်းကတော့ ငွေနဲ့ ပတ်သက်ရင် စုမိဆောင်းမိ ဖြစ်ချင်ကြတာပါပဲ။ ဒါပေမယ့် တကယ်ဖြစ်မြောက်အောင် ငွေစုဖြစ်တဲ့သူနဲ့ စုနည်းဆောင်းနည်း သိတဲ့သူက အတော်လေး နည်းပါတယ်။ ပိုက်ဆံစုတယ်ဆိုတာ Gym ကစားသလိုပါပဲ။ ကျန်းမာရေးအတွက် ကောင်းပေမယ့် ပင်ပန်းတယ် ၊ စိတ်ရှည်ဖို့လည်း လိုပါတယ်။ ဒီတစ်ခါမှာ ပိုက်ဆံစုမိဖို့ သိပ်မခက်တဲ့ နည်းလမ်းတချို့  မျှဝေပေးချင်ပါတယ်။

(၁) ကိုယ်တိုင်လုပ်နိုင်တဲ့အရာအတွက် ငွေကုန်မခံပါနဲ့

Woman chef cooking vegetables in pan

Photo: Freepik

ငွေပိုစုမိနိုင်စေဖို့ ကိုယ့်ဘာသာလုပ်လို့ရတဲ့ ကိစ္စတွေမှာ တခြားသူကို ပိုက်ဆံမပေးရအောင် နေထိုင်ပါ။ မီးချောင်းလဲတာ ၊ အိမ်သန့်ရှင်းရေး လုပ်တာ ၊ အဝတ်လျှော်မီးပူတိုက်ကနေ ထမင်းဟင်းချက်တာအထိ ကိုယ့်ဘာသာ လုပ်လို့ရတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ဟာ အမှတ်တမဲ့ဆိုသလို ကိုယ်လုပ်နိုင်တဲ့ ကိစ္စတွေအတွက် သူများကို ပိုက်ဆံပေးနေမိတတ်ပါတယ်။

(၂) ကြွားချင်စိတ်ကို ဖျောက်ပစ်ပါ

Young woman by the shopping center

Photo: Freepik

လူတွေမှာ တခြားသူ ကိုယ့်ကို အထင်ကြီးစေချင်တဲ့စိတ် ၊ ကိုယ်အထင်ကြီးတဲ့သူတွေလို နေထိုင်ချင်တဲ့စိတ် အနည်းနဲ့အများဆိုသလို ရှိကြစမြဲပါပဲ။ ဒါကြောင့်ပဲ မလိုတာတွေ ဝယ်ပြီး မတန်မရာတွေ အဓိပ္ပါယ်မဲ့ သုံးစွဲမိတတ်ကြပါတယ်။ အကျိုးဆက်ကတော့ ကိုယ်ပဲ ငွေကုန်ကြေးကျ များရပြီး ငွေကြေးအခက်အခဲတွေ့ရတတ်ပါတယ်။

(၃) ပိုက်ဆံမကုန်တဲ့ ပျော်စရာတွေပဲ လုပ်ပါ

 woman in eyeglasses sitting on bench and reading book in park

Photo: Freepik

ပျော်ရွှင်ဖို့အတွက် ပိုက်ဆံတွေ အများကြီး သုံးစရာမလိုပါဘူး။ ပိုက်ဆံမကုန်တဲ့ ဝါသနာပါတဲ့အရာလေးတွေ (ဥပမာ- စာဖတ်တာ ၊ အပင်စိုက်တာ) လုပ်ပြီးလည်း ပျော်ရွှင်စရာတွေ ရှာဖွေနိုင်ပါတယ်။ နောက်ဆုံး ဂစ်တာလေးခေါက်ပြီး သီချင်းလေး တီးတာ ၊ ပန်းချီထိုင်ဆွဲနေတာ ၊ ကိုယ်နေထိုင်တဲ့ မြို့ထဲက စိတ်ဝင်စားစရာနေရာတွေဆီ စက်ဘီးတစ်စီးနဲ့ လျှောက်သွားတာအထိ ငွေကြေးတပုံတပင် သုံးစရာမလိုဘဲ ပျော်အောင် နေလို့ ရပါတယ်။

(၄) ငွေသုံးစွဲမှု သတိပြုပါ

Woman spent all her money during winter shopping

Photo: Freepik

ပိုက်ဆံစုမိဖို့အတွက် ကိုယ်ရတဲ့ ဝင်ငွေအတိုင်းအဆကို သေသေချာချာ သိဖို့လိုပါတယ်။ ကိုယ့်ဝင်ငွေဟာ သုံးဖို့ချည်းပဲ မဟုတ်ပါဘူး။ မိသားစုဆွေမျိုးတွေကို ထောက်ပံ့ဖို့ ၊ ကိုယ်တိုင် ရင်းနှီးမြှပ်နှံဖို့နဲ့ အနာဂါတ်အတွက် စုဆောင်းသိုမှီးဖို့ပါ ချန်ထားရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးက တစ်လတာ အသုံးစရိတ် ၊ စုငွေနဲ့ အရေးပေါ် ချန်ရမယ့်ပိုက်ဆံရယ်ဆိုပြီး စည်းကမ်းနဲ့ သိမ်းထားဖို့ပါပဲ။