လူရယ်လိုဖြစ်လာရင် ကိုယ်ဖြစ်ချင်တဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်တိုင်းကတော့ ရှိကြစမြဲပါနော်။ ငယ်ငယ်လေးကနေ ကြီးလာတဲ့အထိ ပညာတွေသင်ရင်းနဲ့  အချိန်တွေကုန်လာခဲ့ရသလို အသက်အရွယ်တစ်ခုရောက်လာရင်လည်း အလုပ်လုပ်ရင်းနဲ့အချိန်တွေကုန်ဆုံးရင်း ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်အောင် လျှောက်ရတာပဲဖြစ်ပါတယ်။ ပန်းတိုင်အကြီးကိုရောက်ဖို့ဆိုရင် Goals သေးသေးလေးတွေထားပြီး လုပ်ဆောင်သင့်ပါတယ်။ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်နိုင်တာကိုအကောင်းဆုံးဖြစ်အောင်လုပ်ဖို့လည်း လိုအပ်ပါတယ်။

ကိုယ်ရဲ့ Journal Book ကိုအကောင်းဆုံးပြင်ဆင်ပါ

စိတ်အာရုံထဲမှာ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကို စိတ်ကူးနဲ့ပုံဖော်တာထက် Journal Book၊ ဒါမှမဟုတ် Notebook တွေထဲမှာချရေးထားသင့်ပါတယ်။ စာရွက်ပေါ်က ကိုယ်လုပ်ရမဲ့ Step လေးတွေကိုပုံဖော်ပြီးလုပ်ရတာကလည်း အားလည်းတက်စေသလို အလုပ်လည်းပြီးမြှောက်စေပါတယ်။

ဖြစ်အောင်လုပ်ပါ

လူတွေရဲ့ စိတ်ကတစ်ခါတစ်လေမှာ အလျော့ပေးချင်တတ်ကြပါတယ်။ တော်ပြီး ငါမလုပ်ချင်တော့ဘူး၊ ငါမလုပ်နိုင်တော့ဘူးဆိုပြီး လမ်းတစ်ဝက်မှာလက်လျော့တတ်ကြပါတယ်။ဒီလိုမျိုးလွယ်လွယ်နဲ့ အလျော့မပေးလိုက်ပါနဲ့။ ဘာမှဆက်မလုပ်ချင်ခဏလောက် စိတ်ငြိမ်အောင်လုပ်ပြီးနေလိုက်ပါ။ ပြီးရင်အသစ်ကနေပြန်စသင့်ပါတယ်။

အချိန်သတ်မှတ်ပါ

အချိန်ကတော့ လူတစ်ယောက်ရဲ့လုပ်ငန်းစဥ်တွေမှာ အရေးကြီးဆုံးလို့ပြောလို့ရပါတယ်။ ကိုယ်က ဒီအချိန်မှာဒါကိုပြီးအောင်လုပ်မယ်၊ ဖြစ်အောင်လုပ်ရမယ်လို့ သတ်မှတ်ထားရင် ပြီးအောင်လုပ်စေချင်ပါတယ်။ အချိန်တွေက ပြန်အစားထိုးလို့မရတဲ့အရာမျိုးဖြစ်တဲ့အတွက် ကိုယ့်သွားမဲ့ပန်းတိုင်မှာလည်း ရောက်ဖို့နှေးကွေးသွားတတ်ပါတယ်။

Photo Source – Freepik