ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေမှာ စိတ်ပျော်စရာရှာတွေ့ဖို့ဆိုတာ ထင်သလောက်တော့ လွယ်ကူမှာမဟုတ်ပါဘူး။ သို့သော် ဘဝက အမြဲအနိမ့်အမြင့်အတက်အကျရှိတယ်ဆိုတာကို လက်ခံပြီး အခက်အခဲဆုံးအချိန်တွေကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ကြရမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ခက်ခဲတဲ့အချိန်တွေ စိတ်ဖိစီးမှုများတဲ့ကာလတွေမှာ အတက်နိုင်ဆုံး ကိုယ့်ကိုယ်ကိုပျော်ရွှင်အောင် ဘယ်လိုထားရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့ချပါ

woman in a chair at the table with cup and laptop, book, pencils, notebook on it. Lotus pose,

Source : Shutterstock

သင့်ရဲ့နေ့ရက်တွေကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ အရင်ဆုံးလုပ်ရမယ့်အဆင့်က စိတ်ဖိစီးမှုတွေကို တက်နိုင်သလောက်လျော့ချတာပါပဲ။ စိတ်ဖိစီးမှုနည်းလေ ပျော်ရဖို့အခွင့်အရေးပိုများလေပါ။ ကိုယ့်ကိုဘယ်အရာတွေက စိတ်ဖိစီးစေသလဲ ၊ စိတ်ဖိစီးစေမယ့်အရာတွေကို ဘယ်လိုရှောင်ကြဉ်ရမလဲဆိုတာ သိထားသင့်ပါတယ်။

(၂) သူငယ်ချင်းတွေနဲ့တွေ့ဆုံပါ

Source : Shutterstock

သူငယ်ချင်းကောင်းတွေက ကျွန်တော်တို့ရဲ့ဘဝမှာအရေးကြီးတဲ့ ဒုတိယမိသားစုဝင်တွေလို့ပြောနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန် စကားပြောကြ ရယ်မောလိုက်ကြတဲ့အခါ စိတ်ဖိစီးမှုတွေလျော့ကျပြီး ပျော်ရွှင်တဲ့ဟော်မုန်းတွေ တိုးပွားလာစေပါတယ်။ ဒါကြောင့် စိတ်ညစ်တဲ့အချိန် စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းတွေနဲ့ တွေ့ဆုံတာ အပြင်လျောက်လည်တာ စကားတွေဖောင်ဖွဲ့တာမျိုးလုပ်သင့်ပါတယ်။

(၃) သီးသန့်အချိန်ထားပါ

Relaxed woman reading a paper book and holding a cup of coffee sitting in a table at home with a warm light

Source : Shutterstock

တစ်နေ့တာလုံးမှာ ကိုယ့်ကိုယ့်ကိုအချိန်ပေးဖို့ မေ့နေတယ်ဆိုရင် အခုကစပြီး သီးသန့်အချိန်တစ်ခု သတ်မှတ်ထားဖို့ အကြံပြုချင်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်သီးသန့်အချိန်တွေမှာ ကိုယ့်ကိုယ်ကိုပျော်ရွှင်စေမယ့်အရာလေးတွေကို လုပ်ဆောင်ပေးပါ။ ကိုယ်ကဘာဝါသနာပါလဲ။ စာဖတ်တာ ၊ အားကစားလုပ်တာ ၊ ရုပ်ရှင်ကြည့်တာ ၊ ပန်းချီဆွဲတာ ၊ တူရိယာတီးခတ်တာ စသည့်ဖြင့်ကိုယ်ကိုစိတ်ပျော်စေမယ့်အရာလေးတွေလုပ်ပေးပါ။

(၄) မိသားစုဝင်တွေအပေါ်ကြင်နာပါ

Medium shot happy family on couch

Source : Shutterstock

ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကို မိသားစုဝင်တွေအပေါ် ထွက်ပေါက်မလုပ်မိဖို့ လုံးဝသတိထားရပါမယ်။ စိတ်ဖိစီးနေချိန်မှာ မိသားစုတွေနဲ့ အခြေအတင်ဖြစ်မယ်ဆိုရင် ၂ ဆပိုဆိုးတဲ့ စိတ်ခံစားမှုတွေရစေနိုင်ပါတယ်။ ဒါကြောင့် အတက်နိုင်ဆုံး သင်နဲ့အနီးဆုံးမှာရှိနေတဲ့ မိသားစုဝင်တွေအပေါ်နွေးထွေးကြင်နာပါ။ မိသားစုဝင်တွေနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးတည်အောက်နိုင်ခြင်းကလည်း ပျော်စရာပါပဲ။