ဟောလိဝုဒ်က အနုပညာရှင်တွေဆိုတာဟာ သူတို့နိုင်ငံမှာသာမက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ချီပြီး အောင်မြင်မှုကို ရရှိကြသူတွေပါ။ နာမည်ရသွားပြီဆိုတာနဲ့ မဂ္ဂဇင်းမျက်နှာဖုံးတွေ၊ ပြက္ခဒိန်တွေနဲ့ တခြားတခြားသော လက်ဆောင်ပစ္စည်း စသဖြင့် နေရာမျိုးစုံမှာ သူတို့ရဲ့ပုံရိပ်တွေက ဖုံးလွှမ်းထားကြပါတယ်။ ဒီအနုပညာရှင်တွေပါဝင်တဲ့ အစီအစဥ်တွေကိုကြည့်၊ သူတို့ထွက်တဲ့သီချင်းသစ်တွေကို နားထောင်ပြီးတော့ သူတို့ဘာဝတ်တယ်၊ သူတို့ဘယ်လိုဆံပင်ပုံစံလေးတွေထားတယ် အမြဲလေ့လာခဲ့ကြရပါတယ်။

ဒီလိုမျိုး ကြိုက်ခဲ့ရတဲ့ အနုပညာရှင်တွေထဲကမှ ၂၀၀၀ ခုနှစ်ထဲမှာ ပိုပြီးလူသိများကျော်ကြားခဲ့တဲ့ အနုပညာရှင်တွေရဲ့ အရင်တုန်းကပုံစံလေးတွေနဲ့ အခုလက်ရှိဘယ်လိုပုံစံတွေဖြစ်နေပြီလဲဆိုတာကို အခုပဲလေ့လာကြည့်လိုက်ရအောင်ပါ။

Lindsay Lohan

The Parent Trap, Mean Girls, နဲ့ Freaky Friday ရုပ်ရှင်ကားတွေနဲ့ Lindsay Lohan ကို ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေ သိကျွမ်းခဲ့ရပါတယ်။ သူမရဲ့အောင်မြင်မှု တဖြည်းဖြည်းမှေးမှိန်လာတဲ့အချိန်မှာ အဆိုတော်အနေနဲ့ ထပ်မံစတင်ခဲ့ပြီး တီဗီစီးရီးတွေနဲ့ ရုပ်ရှင်တွေမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ April 3, 2020 မှာတော့ “Back to Me” လို့အမည်ရတဲ့ အယ်လ်ဘမ်ကိုထွက်ရှိခဲ့ပြီး သာမန်ပရိတ်သတ်တွေသာမက ဝေဖန်ရေးသမားတွေဆီကပါ ကောင်းမွန်တဲ့တုံ့ပြန်မှုကို လက်ခံရရှိခဲ့ပါတယ်။

Julian McMahon

Charmed ဇာတ်ကားရဲ့ ပရိတ်သတ်တွေကတော့ Julian McMahon ကို သေချာပေါက်သဘောကျကြမှာပါ။ ဒါ့အပြင် Fantastic Four: Rise of the Silver Surfer မှာလည်း ဗီလိန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး Dirk Gently’s Holistic Detective Agency စီးရီးတွဲမှာလည်း သရုပ်ဆောင်ထားပါတယ်။

Jennifer Love Hewitt

I Know What You Did Last Summer နဲ့ Heartbreakers ရုပ်ရှင်ကားတွေရဲ့ စတား Jennifer Love Hewitt ကတော့ အခုချိန်မှာ သားတစ်ယောက်၊ သမီးတစ်ယောက်ရနေပြီဖြစ်ပြီး ဖန်သားပြင်ပေါ်မှာလည်း ယနေ့ထိတိုင် တွေ့နေရဆဲပါပဲ။ Criminal Minds, Law & Order, နဲ့ 9-1-1 ဇာတ်လမ်းတွဲတွေထဲက သူမရဲ့ဇာတ်ကောင်တွေကတော့ ပိုပြီးလူသိများပါတယ်။

Paris Hilton

၂၀၀၀ ခုနှစ်အလယ်ပိုင်းလောက်မှာ Paris Hilton ကို နေရာစုံမှာ တွေ့မြင်ရပါတယ်။ သူမရဲ့တေးသီချင်းတွေကို ရေဒီယိုမှာကြားရပြီး သူမ ပါဝင်တဲ့ Reality Shows တွေဆိုရင်လည်း တီဗီမှာအများကြား ကြည့်ခဲ့ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သူမရဲ့အောင်မြင်မှုကလည်း တဖြည်းဖြည်းကျဆင်းလာခဲ့ပေမယ့် သီချင်းတွေဆက်ဆိုတယ်၊ ရေမွှေးထုတ်တယ်၊ အောင်မြင်တဲ့ ဒီဂျေတစ်ယောက်အဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

Jessica Simpson

အဆိုတော်၊ မင်းသမီး၊ TV host နဲ့ ဒီဇိုင်နာ တဖြစ်လဲ Jessica Simpson ဟာ ၂၀၀၀ ခုနှစ်မှာ အင်မတန်ကျော်ကြားခဲ့ပြီး လက်ရှိအချိန်မှာတော့ သူမရဲ့ခင်ပွန်းသည်၊ ကလေးသုံးယောက်တို့နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။

Hilary Duff

Disney Channel ရဲ့ Lizzie McGuire ရုပ်ရှင်ကားထဲမှာ ခေါင်းဆောင်ဇာတ်ရုပ်နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ သူမရဲ့ Generation ထဲမှာ ကျော်ကြားတဲ့စတားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တဖြည်းဖြည်းအရွယ်ရောက်လာချိန်မှာ တေးဂီတလမ်းကြောင်းကိုလည်း လျှောက်လှမ်းခဲ့ပြီး သူမရဲ့ကိုယ်ပိုင်အမှတ်တံဆိပ် အဝတ်အစား၊ ရေမွှေးတွေကိုထုတ်လုပ်ခဲ့တဲ့အပြင် စာအုပ်တွေရေး၊ လှူဒါန်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။