ဒေါက်ဖိနပ်စီးလေ့ရှိတဲ့သူတွေအတွက် ဒေါက်ဖိနပ်စီးတဲ့အခါ နာကျင်မှုတွေ သက်သာအောင် သိထားသင့်တာတွေနဲ့ အသုံးဝင်စေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ခြေအိတ်နဲ့စီးပါ

ကိုယ်စီးမယ့် ဒေါက်ဖိနပ်အမြင့်က ကြိုးသိုင်းဖိနပ်၊ အပိတ်ဖိနပ်တွေ ဖြစ်နေတယ်ဆိုရင် ခြေထောက်မပေါက်အောင်၊ ခြေချောင်းနာတာ သက်သာအောင် ခြေအိတ်ဝတ်ပြီး စီးလို့ရပါတယ်။

Double-sided Tape သုံးပါ

ဒေါက်ဖိနပ်အမြင့်စီးတဲ့အခါ ဖိနပ်က ဖနောင့်ချတဲ့နေရာမှာ Double-sided Tape ကို ကပ်ပေးပါ။ ဒါဆိုရင် ခြေထောက်နာတာနဲ့ ရေကြည်ဖုဖောက်တာမျိုးတွေ မဖြစ်အောင်လို့ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

Insoles သုံးပါ

ဒေါက်ဖိနပ်စီးတဲ့အခါမှာ နာကျင်တာတွေကို သက်သာစေဖို့အတွက် Insoles တွေ ခြေထောက်မှာစွပ်ပြီး စီးလို့ရပါတယ်။ ကိုယ်က ဒေါက်ဖိနပ် ခဏခဏစီးလေ့ရှိတယ် အထူးသဖြင့် ထိပ်ပိတ် ဒေါက်ဖိနပ်တွေ စီးလေ့ရှိတယ်ဆိုရင် ဝယ်ထားသင့်ပါတယ်။

ခြေချောင်းကိုတိတ်ကပ်ထားပါ

ထိပ်ပိတ်ဖိနပ်တွေ စီးတဲ့အခါမှာ ခြေချောင်းတွေကို စုပြီးကြပ်ထားသလို ဖြစ်နေတဲ့အတွက် ခြေချောင်းတွေ အရမ်းနားပါတယ်။ ရေကြည်ဖုပေါက်တာတွေလည်း ဖြစ်စေပါတယ်။ ဒီလိုမဖြစ်ရအောင် ခြေချောင်းကို တိတ်နဲ့ကပ်တာမျိုး၊ ပေါက်တတ်တဲ့နေရာကို တိတ်နဲ့ကပ်ပြီး စီးတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။

ဖိနပ်ဆိုဒ်သေချာရွေးဝယ်ပါ

ဒေါက်ဖိနပ်တွေဝယ်တဲ့အခါမှာ ဖိနပ်ဆိုဒ်ကို ကိုယ်နဲ့အဆင်ပြေတာမျိုး ရွေးဝယ်ပါ။ ကြီးသွားတာမျိုးဆိုလည်း လမ်းလျှောက်ရတာ အဆင်မပြေပါဘူး။ သေးနေတာမျိုးဆိုလည်း အရမ်းကြပ်ပြီး ဖိနပ်ပေါက်တာတွေ ဖြစ်စေပါတယ်။

Emergency Kit ဆောင်ထားပါ

ကိုယ်က ဒေါက်ဖိနပ် ခဏခဏစီးနေရတဲ့သူဆိုရင် ပိုက်ဆံအိတ်ထဲမှာ ဆေးဘူးအသေးလေးနဲ့ Hansaplast ကို အမြဲဆောင်ထားပါ။ ဒါမှ ဖိနပ်ပေါက်ရင်လည်း အလွယ်တကူ ဆေးလိမ်းပြီး Hansaplast ကပ်ထားလိုက်ရင် သက်သာသွားမှာပါ။