Bae Suzy ကိုတော့ တော်တော်များများလည်း သိပြီးသားဖြစ်မှာပါ။ ချစ်စရာကောင်းပြီး လှပတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ သူမရဲ့ဖက်ရှင်လေးတွေက အမြဲတမ်းကိုချစ်စရာကောင်းနေတာပါ။ ဒါကြောင့် ဒီကမိန်းကလေးတွေလိုက်ဝတ်လို့ရနိုင်မယ့် Suzy ရဲ့ဖက်ရှင်လေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။

Suzy ရဲ့အနက်ရောင်ဖက်ရှင်လေးကတော့ မိန်းကလေးတိုင်းကြွေဆင်းရတဲ့ဖက်ရှင်လေးပါ။ သင့်အနေနဲ့ ပွဲတွေသွားစရာရှိတဲ့အခါမျိုးမှာဆိုရင် သူမရဲ့ဒီဖက်ရှင်လေးကိုကြည့်ပြီး လိုက်ဝတ်လို့ရတာပေါ့။

Source: www.pinterest.com

ဂျင်းဘောင်းဘီအရှည်လေးတွေကို လှပပြီးချစ်စရာကောင်းတဲ့ အနီရောင်အင်္ကျီလေးတွေနဲ့တွဲဝတ်တာဟာ ရိုးရိုးလေးနဲ့လှပနေစေပါတယ်။ ဒေါက်ဖိနပ်လေးစီးမယ်ဆိုရင်တော့ ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။

Source: www.pinterest.com

Source: www.pinterest.com

ပန်းရောင်အင်္ကျီအဆင်းလေးကို ပန်းရောင်စကပ်လေးနဲ့တွဲဝတ်ပြီး သူမလိုဒေါက်ဖိနပ်လေးစီးထားတာဟာ မိန်းကလေးဆန်ပြီး အရမ်းချစ်စရာကောင်းစေပါတယ်။ ချစ်သူနဲ့သွားတွေ့တဲ့အခါမျိုးမှာ ဝတ်ဆင်သင့်တဲ့ဖက်ရှင်လေးပါ။

Source: www.pinterest.com

ရိုးရိုး Tee လေးတွေကိုဂျင်းဘောင်းဘီတိုလေးနဲ့တွဲဝတ်ထားတဲ့ Suzy ရဲ့ဒီဖက်ရှင်လေးဆိုရင် မိန်းကလေးတော်တော်များများဝတ်တဲ့ ဖက်ရှင်လေးပါ။

Source: www.pinterest.com

ကိုယ်ကျပ်အင်္ကျီအဖြူရောင်လေးကို ဂျင်းစကပ်လေးတွေနဲ့တွဲဝတ်တာဟာာ အရမ်းလိုက်ဖက်ပြီးချစ်စရာကောင်းစေပါတယ်။ သူမလိုအပေါ်ထပ်လေးလည်း ထပ်ဝတ်လို့ရပါသေးတယ်။

Source: www.pinterest.com

ဆွယ်တာအင်္ကျီလေးကို ရိုးရိုးဂျင်းဘောင်းဘီလေးနဲ့တွဲဝတ်ပြီး ဘွတ်ဖိနပ်လေးစီးတာကလည်း Suzy ရဲ့ရိုးရှင်းလွန်းတဲ့ဖက်ရှင်လေးပါ။ မိုးတွင်းနဲ့ဆောင်တွင်းတွေမှာ သင်လည်းဒီလိုဖက်ရှင်လေးကို လိုက်ဝတ်လို့ရပါတယ်။

Source: www.pinterest.com

မိုးပြာရောင် Shoulder Off လေးကိုဝတ်မယ်ဆိုရင်တော့ Suzy လို လှပတဲ့ဂျင်းဘောင်းဘီလေးတွေနဲ့တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးသာစီးလိုက်ပါ။ တီရှပ်မိုးပြာရောင် (သို့) ဘယ်လိုအရောင်မျိုးနဲ့ပဲဖြစ်ဖြစ် Skinny အနက်လေးတွေနဲ့သာ တွဲဝတ်ပါလို့အကြံပြုပါတယ်။

Source: www.pinterest.com

Source: www.pinterest.com

အခုနောက်ပိုင်းမှာအရမ်းခေတ်စားလာတဲ့ နှစ်ထပ်ဂါဝန်လေးတွေကိုဝတ်တဲ့အခါမှာလည်း Suzy လို ဒေါက်ဖိနပ်လေးတွေစီးလိုက်မယ်ဆိုရင် ပိုပြီးတော့လှပသွားစေမှာပါ။

Source: www.pinterest.com

ခြေသလုံးအလယ်ရောက်တဲ့စကပ်လေးတွေကိုလည်း ရိုးရိုးအင်္ကျီအဖြူလေးတွေနဲ့တွဲဝတ်လိုက်ရုံပါပဲ။ ဒါကတော့ အရိုးရှင်းဆုံးနဲ့ချစ်စရာအကောင်းဆုံး ဖက်ရှင်လေးပါပဲ။ ဒေါက်ဖိနပ်လေးကတော့ မဖြစ်မနေစီးပေးနိုင်ရင် ပိုပြီးလှပစေမှာပါ။

Source: www.pinterest.com