အမြဲတမ်းဝမ်းချုပ်နေလို့၊ ခဏခဏဝမ်းချုပ်တတ်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် Essential Oils တွေကိုသုံးပြီးတော့ ဝမ်းချုပ်တာကို သက်သာအောင်လုပ်လို့ရတဲ့ နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဝမ်းချုပ်တာက ခဏခဏဆို လိပ်ခေါင်းဖြစ်မှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေက ဘေးဥပါဒ်မဖြစ်ပဲ အသုံးဝင်စေမှာပါ။
Fennel Oil
Fennel Oil – ၂ စက်နဲ့ အုန်းဆီ (သို့) သံလွင်ဆီ – ၁ စက်ကို ရောမွှေပြီး ဝမ်းဗိုက်မှာ နေ့တိုင်းလိမ်းပေးမယ်ဆိုရင်တော့ ဝမ်းချုပ်တာတွေ သက်သာစေပါတယ်။
Peppermint Oil
ရေနွေးတစ်ခွက်ထဲကို Peppermint Oil – ၂ စက် ၃ စက်လောက်ထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် သောက်ပေးပါ။ နေ့တိုင်းသောက်ပေးမယ်ဆိုရင်တော့ ဝမ်းချုပ်တာသက်သာပြီး အစာအိမ်လမ်းကြောင်း ရှင်းစေပါတယ်။ ညအိပ်ယာမဝင်ခင်မှာ သောက်ပေးရမှာဖြစ်ပါတယ်။
Rosemary Oil
Rosemary Oil ကို carrier oil တစ်ခုခု (အုန်းဆီ (သို့) သံလွင်ဆီ) နဲ့ရောမွှေပြီး ဝမ်းဗိုက်မှာလိမ်းပေးရင် ဝမ်းချုပ်တာတွေ သက်သာစေပါတယ်။
Lemon Oil
ရေနွေးနည်းနည်းလေးနဲ့ Lemon Oil နည်းနည်းကို ရောမွှေပြီး ဝမ်းဗိုက်မှာလိမ်းပေးမယ်ဆိုရင်တော့ ဝမ်းချုပ်တာတွေ သက်သာစေပါတယ်။
Ginger Oil
ကိုယ်သောက်မယ့် black tea တစ်ခွက်ထဲကို Ginger Oil အနည်းငယ်ထည့်မွှေပြီး သောက်ပေးခြင်းကလည်း ဝမ်းချုပ်တာတွေကို သက်သာစေတဲ့ နည်းလမ်းကောင်းပဲ ဖြစ်ပါတယ်။
ဒီနည်းလမ်းတွေထဲက ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။