အသက် ၂၀ ကျော်လာရင် အရပ်မရှည်နိုင်တော့ဘူးဆိုပြီး ပြောကြလို့ စိတ်ဓာတ်မကျပါနဲ့။ အသက် ၂၅ နှစ်ကျော်တဲ့သူတွေအတွက်တောင် အရပ်ရှည်လာစေဖို့ ကူညီပေးနိုင်သေးတဲ့ နည်းလမ်းကောင်းတွေ ရှိပါတယ်။ အဓိကကတော့ အကုန်လုံးကို ဇွဲရှိရှိနဲ့ပုံမှန်လုပ်ပေးဖို့ပါပဲ။

အစားအသောက်

အစားအသောက်ကို သေချာဂရုစိုက်စားပါ။ အာဟာရရှိတာတွေ၊ ပရိုတင်းဓာတ်ကြွယ်ဝတာတွေ များများစားပေးပါ။ အစားအသောက်ရွေးနေရင်တော့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက နည်းမှာပါ။

လေ့ကျင့်ခန်း

အရပ်ရှည်ချင်သေးတယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေကို နေ့တိုင်းလုပ်ပေးဖို့လိုပါတယ်။

Forward Bend

ပုံမှာပြထားတဲ့အတိုင်းနေလိုက်၊ မတ်မတ်ပြန်ရပ်လိုက်နဲ့ ၁၀ ကြိမ်လုပ်ပေးရုံပါပဲ။

Superwoman

ပုံ ၂ ပုံမှာပြထားတဲ့အတိုင်း တစ်လှည့်စီ ၁၀ ကြိမ်လုပ်ပေးရမှာပါ။

Spot High Jump

စုံရပ်ပြီးတော့ ၁၅ ကြိမ်လောက် ခုန်ပေးပါ။

Rope Jumping

အကြိမ် ၃၀ မှ အကြိမ် ၅၀ အထိ ကြိုးခုန်ပေးရပါမယ်။

Burpees

ပုံမှာပြထားတဲ့အတိုင်းနေပြီး ခြေထောက်ကိုနောက်ဆန့်ထုတ်ပါ။ ပြီးရင် ပုံထဲကလိုပြန်လုပ်ပါ။ ၁၀ ကြိမ်လုပ်ပေးရုံပါပဲ။

Bar Hanging

၁၅ ကြိမ်ပြည့်အောင် ဘားခိုပေးပါ။

ယောဂ

အသက် ၂၅ ကျော်လာရင်တော့ အရပ်ရှည်ဖို့အတွက် သေချာကြိုးစားလုပ်မှ ရပါမယ်။ လေ့ကျင့်ခန်းနဲ့တင် မပြီးပါဘူး။ ယောဂပါတွဲလုပ်ပေးရပါမယ်။ အဓိကကတော့ ဒီယောဂတွေကို လုပ်ပေးရင်ရပါပြီ။

Mountain Pose

ပုံမှာပြထားတဲ့အတိုင်း ၃ စက္ကန့်နေလိုက်၊ ပြန်ရပ်လိုက်၊ ထပ်လုပ်လိုက်နဲ့ ၁၀ ကြိမ်ပြည့်အောင် လုပ်ရပါမယ်။

Cobra Pose

ကြမ်းပြင်မှာမှောက်နေလိုက်၊ ပုံမှာပြထားတဲ့ Cobra Pose နဲ့နေလိုက်၊ ပြန်မှောက်လိုက်နဲ့ ၁၀ ကြိမ်လုပ်ပေးပါ။

Downward Dog Pose

ပုံထဲကအတိုင်း စက္ကန့် ၂၀ နေပေးရပါမယ်။ အချိန်ပြည့်ရင် နောက်ထပ် ၄ ကြိမ် ထပ်လုပ်ပါ။

Triangle Pose

ပုံထဲကအတိုင်း စက္ကန့် ၂၀ နေပေးပါ။ ဘယ်ညာ ပြောင်းလုပ်ပါ။ တစ်ဖက်ကို ၅ ကြိမ်စီလုပ်ပေးပါ။

Stretching

Stretching အကြောဆန့်တာကိုတော့ ခဏခဏလုပ်ပေးပါ။ အကြောဆန့်တာက အရပ်ရှည်စေဖို့ အထောက်အကူပြုပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေးဝအောင်အိပ်တာက အရပ်ရှည်စေဖို့အတွက် များစွာအထောက်အကူပြုပါတယ်။