Spa သွားမယ်ဆိုရင် ရေနွေးငွေ့နဲ့ချွေးပေါင်းတဲ့ Steam Room ပါတဲ့ Spa ကို ရွေးသွားပါ။ ဘာကြောင့်လဲဆိုရင်တော့ ရေနွေးငွေ့နဲ့ချွေးပေါင်းတဲ့ Steam Room ဝင်ပေးခြင်းက သင့်အတွက် ဒီလိုကောင်းကျိုးတွေ ရရှိစေပါတယ်။

သွေးလည်ပတ်မှုကောင်းမွန်စေခြင်း

Steam Room ဝင်ပေးတာက သွေးလည်ပတ်မှုကောင်းမွန်စေတာကြောင့် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

အသားအရေပိုကောင်းလာစေခြင်း

Steam Room ဝင်တဲ့အခါ ချွေးထွက်စေတာကြောင့် ချွေးပေါက်တွေပွင့်ပြီး အပြင်ပိုင်းအသားအရေ သန့်စင်သွားစေတယ်။ အသားအရေကြည်လင်လာစေပါတယ်။ ဒါကြောင့် Healthy Skin ကို ရရှိစေပါတယ်။

Stress တွေလျော့ကျစေခြင်း

အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ တခြားအကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးနေတယ်၊ စိတ်ညစ်နေတယ်၊ ထိုင်းမှိုင်းပြီး Stress တွေများနေတယ်ဆိုရင် Steam Room ဝင်ပေးပါ။ Stress တွေလျော့ကျသွားပြီး စိတ်ကို Relax ဖြစ်စေပါတယ်။

အကြောအဆစ်တွေပြေလျော့စေခြင်း

Steam Room ဝင်ပေးတာက အကြောအဆစ်တွေပြေလျော့စေပြီး အဆစ်အမြစ်ကိုက်ခဲတာ၊ ညောင်းညာကိုက်ခဲပြီး ကိုယ်လက်မအီမသာဖြစ်တာတွေကို သက်သာစေပါတယ်။ စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းသွားချင်ရင် Steam Room ဝင်ပါ။

Calories တွေလောင်ကျွမ်းစေခြင်း

Steam Room ဝင်ပေးခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုးတွေထဲက နောက်ဆုံးတစ်ချက်ကတော့ Calories တွေလောင်ကျွမ်းစေတာပါပဲ။ ဒီတော့ ဝိတ်ချနေတဲ့သူတွေဆိုရင် အနည်းဆုံး တစ်လတစ်ခါတော့ ပုံမှန် Steam Room ဝင်ပေးကြည့်ပါ။