Plank ထောက်တာက ဗိုက်ချပ်စေတဲ့ အကျိုးကျေးဇူးတစ်မျိုးထဲ ရရှိတာမဟုတ်ပါဘူး။ နေ့တိုင်း Plank ထောက်တဲ့ လေ့ကျင့်ခန်းကိုသာ ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် ဒီလိုကောင်းကျိးတွေ ရရှိလာစေပါတယ်။

ကိုယ်ဟန်အနေအထားပိုကောင်းလာစေခြင်း

Plank ထောက်တာက ကိုယ်ဟန်အနေအထား ပိုကောင်းလာပြီး ခါးကုန်းတာ၊ လက်ပြင်ကုန်းတာတွေပါ သက်သာစေပါတယ်။ Body Shape လည်း ပိုလှလာစေပါတယ်။

ဗိုက်ချပ်အဆီကျစေခြင်း

အားလုံးသိပြီးသားဖြစ်သလိုပဲ Plank ထောက်တာက ဗိုက်အဆီ၊ ခါးအဆီကျစေပြီး ဗိုက်ချပ်စေတယ်၊ ခါးသေးစေပါတယ်။ ကြာကြာလုပ်နိုင်လေ အကျိုးကျေးဇူးများလေပါပဲ။

ခါးနာတာသက်သာစေခြင်း

ခါးနာရင် Plank ထောက်ကြည့်ပါ။ အကြောတွေကို ဆန့်ထုတ်လိုက်သလိုဖြစ်တဲ့အတွက် အညောင်းအညာပြေပြီး ခါးနာတာ၊ နောက်ကျောနာတာတွေလည်း သက်သာစေပါတယ်။

အသက်ရှူစနစ်ပိုကောင်းလာစေခြင်း

Plank ထောက်ရင်းနဲ့ အသက်ကိုရှိုက်ပြီးရှူလိုက်၊ ခပ်ပြင်းပြင်း လေပြန်ထုတ်လိုက်နဲ့ လုပ်ကြည့်ပါ။ အသက်ရှူစနစ်ပါ ပိုမိုကောင်းမွန်လာစေပါတယ်။

ကြွက်သားသန်မာစေခြင်း

Plank ထောက်တာက ကြွက်သားတွေသန်မာစေဖို့လည်း အထောက်အကူပြုပါတယ်။ ကြွက်သားတွေ တင်းနေတာကိုလည်း လျော့ကျစေပါတယ်။ စစချင်းမှာ သိပ်မလုပ်နိုင်ပေမယ့် လုပ်ရင်းနဲ့ အသားကျသွားရင် ကိုယ့်အတွက် ကောင်းကျိုးတွေ အများကြီးရလာစေပါတယ်။

ကျန်းမာရေးပိုကောင်းလာစေခြင်း

အားလုံးခြုံပြီးပြောရရင်တော့ Plank ထောက်တာက ကျန်းမာရေးပိုကောင်းလာစေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း တော်တော်များများ လေ့ကျင့်ခန်းတွေထဲမှာ Plank ထောက်တာက မပါမဖြစ်ပါပဲ။