ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက် အရမ်းလှတဲ့ အသက် ၂၅ နှစ်အရွယ် ထိုင်းအဆိုတော်၊ မင်းသမီးလေး Bow Maylada ရဲ့ ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

မိန်းကလေးဆန်ဆန် ဂါဝန်အကားလေးတွေဝတ်ထားရင် ဒီလိုလေးဂါဝန်ကိုဝှေ့နေတဲ့ပုံစံလေး ပို့စ်ပေးရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

အပင်လေးတွေနဲ့ရိုက်မယ်ဆိုရင် Maylada လိုမျိုးလေး ပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပြီး လုပ်ရတာလည်းလွယ်ပါတယ်။

တစ်ခုခုကိုကိုင်ပြီးရိုက်မယ်ဆိုရင် ဒီလိုလေးပို့စ်ပေးလို့ရပါတယ်။ ချစ်စရာကောင်းတဲ့ပို့စ်လေးဖြစ်လို့ try ကြည့်သင့်ပါတယ်။

ဘောင်းဘီလေးတွေနဲ့ ဝရံတာမှာရိုက်မယ်ဆိုရင် Maylada ရဲ့ ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။ ပေါ့ပါးတဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းစေပါတယ်။

ထိုင်ပြီးရိုက်မယ်ဆိုရင် ခြေထောက်နှစ်ချောင်းကို ဒီလိုလေးယှက်ပြီး မေးထောက်ပို့စ်ပေးကြည့်ပါ။ အထာကျတဲ့ပုံစံလေးနဲ့ အရမ်းလှပါတယ်။

ဝရံတာမှာ မတ်တပ်ရပ်ပြီး Maylada လိုပို့စ်လေးပေးကြည့်ပါ။ အရမ်းလှတဲ့ပုံကောင်းတစ်ပုံ ထွက်လာပါလိမ့်မယ်။

ထွေထွေထူးထူးပို့စ်မလုပ်တတ်ရင် လက်နှစ်ဖက်နဲ့ဆံပင်သပ်ပြီး တစ်ဖက်ကိုကြည့်နေတဲ့ပုံလေး ပို့စ်ပေးကြည့်ပါ။

Dress လှလှလေးတွေဝတ်ထားရင် Maylada ရဲ့ ဒီပို့စ်လေးကို ရိုက်ကြည့်သင့်ပါတယ်။ မိန်းကလေးဆန်ပြီး အရမ်းလှတာကြောင့် မိန်းကလေးတိုင်းနဲ့လိုက်ဖက်တဲ့ ပို့စ်လေးပါပဲ။

ဒီလိုပို့စ်လေးဆိုလည်း ပို့စ်ပေးရတာ အရမ်းလွယ်ပါတယ်။ ဘယ်တော့မှလည်းရိုးမသွားပဲ လှနေမယ့် ပို့စ်လည်းဖြစ်ပါတယ်။

Smart ကျတဲ့ဖက်ရှင်လေးတွေဝတ်ပြီး ထိုင်ခုံမှာ ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ စတိုင်လ်ကျပြီး အရမ်းလှပါတယ်။

ဘောပင်နဲ့ စာအုပ် (သို့) စာရွက်လေးရှိရင် Maylada ရဲ့ဒီပို့စ်လေးကို try ကြည့်ပါ။ ပို့စ်အသစ်လေးနဲ့ အရမ်းလှပါတယ်။

photo source:www.pinterest.com