[Zawgyi]
[Unicode]
မင်္ဂလာပါနော်။ K-Drama ချစ်သူတွေကတော့ မင်းသမီး Ha Ji Won ဆိုရင် သိပြီးသားဖြစ်မှာပါ။ ၁၉၇၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က မွေးဖွားခဲ့ပြီး အရမ်းကိုနုပျိုတဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။
ဒရမ်မာ ဇာတ်လမ်းတွဲတွေ၊ ဟာသကားတွေမှာ သူမကို မကြာခဏ ဆိုသလို တွေ့ရလေ့ရှိပါတယ်။
အရွယ်တင်နုပျိုတာကြောင့်လည်း ၂၀၁၇ ခုနှစ်က Hospital Ship ဇာတ်လမ်းတွဲမှာ သူမထက် အသက်အများကြီးငယ်တဲ့ သရုပ်ဆောင် Kang Min Hyuk နဲ့ တွဲဖက်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
Damo, Hwang Jini, Empress Ki စတဲ့ သမိုင်းနောက်ခံ ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့ သူမကို ပိုပြီးလူသိများပါတယ်။
အရပ်အမြင့်ကတော့ ၁.၆၅ မီတာ (၅ ပေ ၄ .၉ လက်မ) ရှိပြီး သွေးအမျိုးအစားကတော့ A ဖြစ်ပါတယ်။ နာမည်အရင်းကတော့ Jeon Hae-Rim ဆိုပေမယ့် Ha Ji Won လို့ပဲ လူသိများသူပါ။
ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးထားသလို အခုအချိန်အထိလည်း အနုပညာလောကမှာ နေရာတစ်နေရာရထားပြီး ရပ်တည်နေနိုင်သူလေးဖြစ်ပါတယ်။
သူမရဲ့ ဖက်ရှင်တွေကလည်း အရမ်း Sexy မကျဘဲ ပရိသတ်တွေရဲ့ မျက်လုံးမှာ ဆွဲဆောင်မှုအပြည့်ရှိနေသူလေးဖြစ်ပါတယ်။
သူမရဲ့ ဖက်ရှင်တွေထဲက ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် ဖက်ရှင်တွေကို စုစည်းတင်ပြလိုက်တယ်နော်။