ဘောလိဝုဒ်ဇာတ်ကားတွေကို အားပေးလေ့ရှိတဲ့ မြန်မာပရိတ်သတ်တွေအနေနဲ့တော့ မင်းသမီးချောလေး Priyanka Chopra Jonas ကို စိမ်းမယ်လို့မထင်ပါဘူးနော်။ မင်းသမီးအနေနဲ့သာမက အဆိုတော်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ Miss World 2000 pageant အဖြစ်ပါ လုပ်ကိုင်ခဲ့တဲ့ ဘက်စုံတော်သူလေးတစ်ဦးလည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရှိ အနုပညာကြေးအမြင့်ဆုံး မင်းသမီးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ Chopra ဟာ ပြည်တွင်းပြည်ပ ဆုတွေအများအပြားကိုလည်း ရရှိထားပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ Government of India မှ Padma Shri ဆုဘွဲ့ကို ချီးမြှင့်ခဲ့ပြီးတော့ Time မှ ကမ္ဘာတစ်ဝှမ်းရှိ အလွှမ်းမိုးနိုင်ဆုံးသော ပုဂ္ဂိုလ် ၁၀၀ စာရင်းထဲမှာလည်း ဖော်ပြခြင်းခံခဲ့ရပါတယ်။

ဒါ့အပြင် ၂ နှစ်ဆက်တိုက်လည်း Forbes ၏ ကမ္ဘာ့အတော်ဆုံး အမျိုးသမီးတွေစာရင်း အယောက် ၁၀၀ ထဲမှာလည်း ထည့်သွင်းခံခဲ့ရသူလေးပါ။ The Hero: Love Story of a Spy (2003) ဇာတ်ကားနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး နာမည်ကျော်ဇာတ်ကားပေါင်းမြောက်မြားစွာကို ရိုက်ကူးခဲ့ပါတယ်။

18 July 1982 ခုနှစ်တွင် Jamshedpur, Bihar မှာ မွေးဖွားခဲ့တာဖြစ်ပြီးတော့ သမီးအကြီးဆုံးဖြစ်ပါတယ်။ သူမထက် ၇ နှစ်ငယ်တဲ့ မောင်လေးတစ်ယောက်ရှိသလို ပညာရေးမှာလည်းအင်မတန်တော်ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာတော့ Nick Jonas နဲ့အိမ်ထောင်တစ်ခုထူထောင်ခဲ့ပြီးတော့ အခုချိန်မှာဆိုရင် အရမ်းချစ်ကြတဲ့ စုံတွဲတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။