သူမရဲ့ ကြင်နာသနားတတ်တဲ့ ကိုယ်ကျင့်စရိုက်၊ နှစ်လိုဖွယ်အပြုံး နဲ့ အပြစ်ပြောစရာမရှိတဲ့ ဝတ်စားဆင်ယင်ပုံတို့ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ လူအများ၏အချစ်ကို ရယူထားနိုင်တာဖြစ်ပါတယ်။ ကောလိပ်ကျောင်းသူဘဝကတည်းက ယနေ့အချိန် မြို့စားကတော်တစ်ဦးဖြစ်လာသည်အထိ ပုံစံဒီဇိုင်းအမျိုးမျိုးနှင့် စတိုင်ကျကျဝတ်ပုံစားပုံကို နိုင်ငံတကာမှ အမျိုးသမီးတိုင်းက နှစ်သက်မြတ်နိုးလျက်ရှိပါတယ်။

ဒါကြောင့် ရှာဖွေစုဆောင်းလို့ရသမျှ မြို့စားကတော် Kate Middleton ရဲ့ ဖက်ရှင်စတိုင် အစုံအလင်ကို ဖော်ပြပေးလိုက်ရပါတယ်။

ယနေ့အချိန်ထိ အမျိုးသမီးတိုင်း လိုက်လံအတုယူနေရတဲ့ ဖက်ရှင်ဒီဇိုင်းလေးဖြစ်ပါတယ်။

အပြာရောင်နုနုလေးနဲ့ အမြင်မရိုင်းဘဲ ရိုးရိုးယဉ်ယဉ်အလှလေးပါ။

လွတ်လွတ်လပ်လပ်ပုံစံဒီဇိုင်းတောင်မှ လူအများအမြင်ကို ဆွဲဆောင်နိုင်လွန်းတယ်နော်။

ပွဲလမ်းသဘင်တွေကို တက်ရောက်လာတဲ့ Kate ရဲ့ ပွဲတက်ဖက်ရှင်တွေကလည်း အင်မတန်ကို တမူထူးခြား လှပလွန်းပါတယ်။