Happy baby pose က yoga pose တွေထဲမှာ အရမ်းလွယ်ကူတဲ့ pose လို့ပြောလို့ရပါတယ်။ လုပ်ရမယ့်ပုံစံက ကြမ်းမှာလှဲပြီး ခြေထောက်ကို နည်းနည်းမြှောက်ကာ လက်နှစ်ဖက်နဲ့ ပုံမှာလုပ်ပြထားတဲ့အတိုင်း ကိုင်ထားရမှာပါ။ မျက်စိမှိတ်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်၊ အတွင်းထဲအထိရောက်အောင် ရှိုက်ပြီးရှူသွင်းလိုက်နဲ့ လုပ်ပေးရမှာပါ။ အဲ့အတိုင်း အနည်းဆုံး ၁ မိနစ်လုပ်ကြည့်ပါ။ အဲ့ထက်ကြာကြာလုပ်လည်း ရပါတယ်။ Happy baby pose လုပ်ပေးခြင်းက ဒီလိုကောင်းကျိုး ၇ မျိုးကို ရရှိစေပါတယ်။

Stress တွေလျော့ကျစေခြင်း

Happy baby pose ကို လုပ်ပေးခြင်းက စိတ်ဖိစီးမှုတွေ၊ တင်းမာနေတဲ့စိတ်တွေကို လျော့ကျသွားစေပြီး စိတ်တည်ငြိမ်စေတယ်၊ စိတ်ချမ်းသာမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

ပင်ပန်းမှုတွေလျော့ကျစေခြင်း

မျက်စိမှိတ်ပြီး အသက်ရှူသွင်းရှူထုတ် လုပ်တာကို သေချာလေးမှတ်ပြီး လုပ်ပေးမယ်ဆိုရင် happy baby pose က သင့်ရဲ့ ပင်ပန်းမှုတွေ anxiety တွေကိုပါ လျှော့ချပေးမှာပါ။

နောက်ကျောတောင့်တင်းမှုကိုလျှော့ချပေးခြင်း

ကိုယ်ဟန်အနေအထားကိုလည်း မြှင့်တင်ပေးပြီး နောက်ကျော တောင့်တင်းနေတာတွေကိုလည်း လျှော့ချပေးပါတယ်။ ခါးရိုး၊ ကျောရိုးနဲ့ ဇာတ်ကြောတွေ တောင့်တင်းနေရင်လည်း happy baby pose ကို လုပ်ကြည့်ပါ။

ခါးနာတာသက်သာခြင်း

Happy baby pose က ခါးနာတာ၊ ခါးဒဏ်ဖြစ်ထားတာတွေကိုလည်း သက်သာစေပါတယ်။ ခါးနာနေရင် နေ့တိုင်းသာလုပ်ပေးပါ။ သက်သာလာပါလိမ့်မယ်။ ဒါကြောင့် အထိုင်များတဲ့သူတွေလည်း လုပ်ကိုလုပ်သင့်တဲ့ yoga pose ပါ။

တင်ပဆုံအတွက်ကောင်းခြင်း

Happy baby pose က သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး တင်ပါးအဆစ်တွေနဲ့ ပေါင်တွေရဲ့ တင်းမာမှုကို လျှော့ချပေးနိုင်ပါတယ်။ တင်ပဆုံအတွင်း သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ အထိုင်များတဲ့သူတွေလုပ်သင့်တဲ့ yoga pose ဖြစ်ပါတယ်။

ခြေထောက်ရွှေ့လျားမှုကိုမြှင့်တင်ပေးခြင်း

Happy baby pose က ပေါင်အတွင်းပိုင်းကိုလည်း ပျော့ပျောင်းစေပြီး ခြေထောက်ကြွက်သားတွေကိုလည်း ပျော့ပျောင်းလာစေတာကြောင့် လှုပ်ရှားရတာ၊ ရွေ့လျားရတာ ပိုပြီးသွက်လက်လာစေပါတယ်။

 

အစာခြေစနစ်ပိုကောင်းလာခြင်း

Happy baby pose လုပ်ပြီး အသက်ရှူသွင်းရှူထုတ်လုပ်တာကို သေချာလေးလုပ်ပေးရင် အစာခြေအင်္ဂါများကို လှုံ့ဆော်ပေးသလို၊ massage လုပ်ပေးသလို ဖြစ်စေတဲ့အတွက် အစာခြေစနစ် ပိုမိုကောင်းမွန်လာစေပါတယ်။