ညဘက်အိပ်ရေးဝဝအိပ်တာက ခန္ဓာကိုယ်၊ စိတ်နဲ့ အသားအရေတို့အတွက် အများကြီးအရေးကြီးပါတယ်။ ဒါပေမယ့် ညဘက်မအိပ်ခင်မှာ အလုပ်အကြောင်း ၊ Relationship အကြောင်း စတာတွေ အတွေးများမိရင် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ခက်သွားပါလိမ့်မယ်။ ဒါကြောင့် ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့ ညဘက်မအိပ်ခင်မှာ ဒီအချက်တွေကို လုပ်ပေးပါ။

သတိပဋ္ဌာန်ကျင့်ပါ

ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ကို ပြေလျော့စေဖို့ ယောဂ၊ တရားထိုင်တာ သို့မဟုတ် အသက်ပြင်းပြင်းရှူတာ စတာတွေကို မအိပ်ခင်မှာ လုပ်ပေးပါ။ ဒါတွေကိုလုပ်ဖို့ အချိန်ပေးတဲ့သူတွေက မလုပ်တဲ့သူတွေထက် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု နည်းပါးပါတယ်။

ရေနွေးနွေးနဲ့ရေချိုးပါ

ညဘက် မအိပ်ခင် ရေနွေးနွေးနဲ့ရေချိုးတာက ပင်ပန်းထားသမျှ‌ ပြေစေပြီး ရေချိုးခန်းထဲက ထွက်လာတဲ့အချိန်မှာ ရေစက်လေးတွေက ခန္ဓာကိုယ်ကို အေးမြစေပါလိမ့်မယ်။ ရေချိုးပြီးရင် မွှေးပျံ့တဲ့ရနံ့လေးနဲ့ အသားအရေကို နူးညံ့ချောမွေ့စေမယ့် Lotion လိမ်းဖို့ မမေ့ပါနဲ့။

လက်ဖက်ရည်တစ်ခွက်သောက်ပါ

ညအိပ်ခါနီး ကဖင်းဓာတ်ပါတဲ့လက်ဖက်ရည်တွေအစား ဆေးဖက်ဝင်အပင်တွေနဲ့လုပ်ထားတဲ့ လက်ဖက်ရည်ပူပူတစ်ခွက်လေး တစ်ခွက်သောက်ပေးတာက ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့ ကူညီပေးပါတယ်။

သီချင်းနားထောင်ပါ

အိပ်ရာမဝင်ခင်မှာ Soft Music ကို Slow Beat လေးနဲ့နားထောင်ကြည့်ပါ။ ဒါက သင့်ကို မြန်မြန်အိပ်ပျော်စေဖို့ အထောက်အကူဖြစ်စေမှာပါ။

အချိန်မှန်မှန်အိပ်ပါ

ညတိုင်း အချိန်တစ်ခုသက်မှတ်ပြီး အိပ်ရာဝင်ကြည့်ပါ။ နောက်ပိုင်းမှာ အိပ်ဖို့အချိန်ရောက်တာနဲ့ သင့်ခန္ဓာကိုယ်က သင့်ကို သဘာဝအတိုင်း အိပ်ပျော်ဖို့ အချက်ပြလာမှာပါ။

သက်တောင့်သက်သာအိပ်ပါ

သက်တောင့်သက်သာရှိတဲ့ အိပ်ယာကမှ သင့်ကို ကောင်းကောင်းအိပ်ပျော်စေတာမလို့ အိပ်တဲ့အခါ သက်တောင့်သက်သာဖြစ်စေတဲ့ ပတ်ဝန်းကျင်တစ်ခုရှိဖို့ အရေးကြီးပါတယ်။ နောက်ဆုံးအနေနဲ့ အခန်းကို မီးပိတ်ပြီး တတ်နိုင်သမျှ မှောင်နေပါစေ။