အကြောင်းအမျိုးမျိုးကြောင့် Stress များနေတဲ့သူတွေအတွက် Stress တွေကိုလျှော့ချပေးမယ့် အကောင်းဆုံး Essential Oil တွေကို ဖော်ပြပေးလိုက်ပါတယ်။
Lavender
Stress တွေလျော့ကျပြီး Relax ဖြစ်ဖို့အတွက် အကောင်းဆုံး Essential Oil ကတော့ Lavender ပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေလည်း လျှော့ချပေးနိုင်ပါတယ်။
Chamomile
Stress တွေများပြီး အိပ်မပျော်ဖြစ်နေတယ်ဆိုရင် Chamomile Essential Oil ကိုသုံးပါ။ စိတ်တည်ငြိမ်စေပြီး Stress တွေလျော့ကျကာ ကောင်းမွန်စွာနဲ့ အိပ်ပျော်စေပါတယ်။
Orange
Stress တွေများနေရင် Orange Essential Oil ကိုသုံးပြီး တရားထိုင်ကြည့်ပါ။ Stress တွေ၊ စိုးရိမ်ပူပန်မှုတွေ အားလုံးလျော့ကျပြီး Relax ဖြစ်သွားပါလိမ့်မယ်။
Sandalwood
Sandalwood Essential Oil ကတော့ စိုးရိမ်ပူပန်စိတ်တွေကို လျှော့ချပေးနိုင်ပါတယ်။
Clary Sage
Stress Hormone တွေကို လျှော့ချပေးနိုင်တာကြောင့် Stress တွေအရမ်းများနေရင် Clary Sage Essential Oil ကိုသုံးကြည့်ပါ။
Rose
Rose Essential Oil ကတော့ နူးညံ့တဲ့ပန်းရနံ့ကြောင့် စိတ်ဖိစီးမှု Stress တွေလျော့ကျစေပြီး စိတ်ပျော်ရွှင်လာစေပါတယ်။
Jasmine
Stress များပြီး Depression လည်းဝင်နေတယ်ဆိုရင် Jasmine Essential Oil ကိုသာသုံးပါ။ Stress တွေ Depression တွေ အားလုံးလျော့ကျပြီး စိတ်တည်ငြိမ်လာစေပါတယ်။ သူ့အနံ့ကြောင့် စိတ်လည်းကြည်လင်စေပါတယ်။