နွေရာသီမှာဆိုရင် ချွေးအရမ်းထွက်တော့ ချွေးနံ့ထွက်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ချွေးထွက်များတဲ့ နွေရာသီလိုအချိန်မျိုးမှာ ချွေးနံ့မနံအောင် ဂရုစိုက်ရမယ့်အချက်တွေကို ပြောပြပေးလိုက်ပါတယ်။
တစ်ကိုယ်ရည်သန့်ရှင်းမှုဂရုစိုက်ပါ
တစ်နေ့ ၂ ကြိမ် ရေချိုးတာမျိုး၊ တစ်ကိုယ်ရည်သန့်ရှင်းမှုကို သေချာဂရုစိုက်ပါ။ တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိရင် ချွေးထွက်တာနဲ့ အနံ့အသက်ပိုဆိုးစေပါတယ်။
Antiperspirant သုံးပါ
ချွေးနံ့ထွက်တတ်တဲ့သူတွေ မဖြစ်မနေသုံးပေးသင့်တာကတော့ ချွေးနံ့ကောင်းကောင်းထိန်းပေးနိုင်တဲ့ Antiperspirant တွေပါပဲ။ နွေရာသီလိုအချိန်မျိုးမှာ ချွေးအရမ်းထွက်တတ်တဲ့သူတွေဆိုလည်း သုံးသင့်ပါတယ်။
ရေမွှေးသုံးပါ
ကိုယ်က ချွေးထွက်သန်ပြီး ချွေးနံ့လည်း ထွက်တယ်ဆိုရင် Antiperspirant သုံးတဲ့အပြင် ရေမွှေးအနံ့ကောင်းတာလေးလည်း သုံးပေးပါ။ ဒါဆို အဆင်ပြေသွားပါလိမ့်မယ်။
အဝတ်အစားလဲဖို့မပျင်းပါနဲ့
ချွေးထွက်သန်ရင် အဝတ်အစားလဲဖို့မပျင်းပါနဲ့။ ချွေးနဲ့ပြန်အအေးပတ်တာမျိုး၊ အပူရှပ်တာမျိုးတွေ ဖြစ်တတ်တဲ့အပြင် ချွေးနံ့လည်း နံစေပါတယ်။ ဝတ်ပြီးသားအင်္ကျီ ပြန်ဝတ်တာမျိုးတွေလည်း လုံးဝမလုပ်ပါနဲ့။
အပူဒဏ်သက်သာစေတာမျိုးတွေဝတ်ပါ
နွေရာသီမှာ အဝတ်အစားဝတ်တဲ့အခါ အပူဒဏ်သက်သာစေတာမျိုးတွေ၊ ချည်သားအင်္ကျီပါးတာလေးတွေ ဝတ်ပေးပါ။ ဒါဆိုရင် ချွေးထွက်လည်းသက်သာတဲ့အတွက် ချွေးနံ့ထွက်တာလည်း သက်သာစေပါတယ်။
ရေများများသောက်ပါ
နွေရာသီမှာ ရေများများသောက်ဖို့ မမေ့ပါနဲ့။ ရေဓာတ်နည်းရင်လည်း ခန္ဓာကိုယ်က ချွေးနံ့ပိုနံစေပါတယ်။
အစားအသောက်ဂရုစိုက်ပါ
ခန္ဓာကိုယ်အနံ့ဆိုးထွက်စေမယ့် အစားအသောက်တွေကို ရှောင်ပေးပါ။ ဥပမာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီစတာတွေကို ရှောင်ပေးပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေကို များများစားပါ။