ဓမ္မတာလာချိန်မှာ မိန်းကလေးတိုင်းတော်တော်များများက စိတ်ခံစားချက်အမျိုးမျိုး ပြောင်းလဲပြီး အရမ်း sensitive ဖြစ်ကြပါတယ်။ အခုဝမ်းနည်းနေပြီး အခုချက်ချင်း ဒေါသထွက်တာမျိုးတွေ mood swings အရမ်းဖြစ်ပါတယ်။ ဒါကြောင့် mood swings ဖြစ်ပြီး စိတ်အပြောင်းအလဲမြန်နေတာတွေ၊ စိတ်အလိုမကျဖြစ်တာတွေကို သက်သာစေဖို့ နည်းလမ်းကောင်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။
သဘာဝနည်းလမ်း
သဘာဝနည်းလမ်းအနေနဲ့ calcium ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဥအမာ – နွားနို့၊ ဒိန်ချဉ်၊ ချိစ်၊ အစိမ်းရောင်အသီးအရွက်တွေနဲ့ လိမ္မော်ရည်တို့ကို စားသုံးပေးပါ။ Vitamin B-6 ရှိတဲ့ ငါး၊ ကြက်သား၊ အသီးအနှံတွေကိုလည်း များများစားပေးပါ။ Mood swings ဖြစ်တဲ့ စိတ်ခံစားမှုတွေ လျော့ကျသွားပါလိမ့်မယ်။
အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးမဝရင် စိတ်မကြည်၊ ခေါင်းမကြည်ဖြစ်တဲ့အတွက် ခံစားချက်တွေ ပိုဆိုးလာစေပါတယ်။ အရာရာကို စိတ်ရှုပ်ပြီး တစ်ချိန်လုံး ဒေါသထွက်၊ အလိုမကျတွေ ဖြစ်နေမှာပါ။ ဒါကြောင့် စောစောအိပ်ပြီး အိပ်ရေးဝအောင် အိပ်ပေးပါ။ အိပ်ရေးမဝရင် အားနည်းပြီး ခေါင်းမူးတာ၊ မိုက်ခနဲဖြစ်တာမျိုးတွေ ဖြစ်ပါလိမ့်မယ်။
လေ့ကျင့်ခန်းလုပ်ပါ
နေ့တိုင်း မိနစ် ၃၀ လောက်အချိန်ပေးပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဓမ္မတာလာခါနီး နာကျင်ကိုက်ခဲတာတွေကို သက်သာစေပြီး mood swing ဖြစ်တာတွေလည်း လျော့ကျစေပါတယ်။ နေ့တိုင်းမလုပ်နိုင်ရင်တောင်မှ ဓမ္မတာလာခါနီး တစ်ပတ်လောက်အလိုမှာ လုပ်ပေးပါ။
Stress မများအောင်နေပါ
Stress တွေများနေရင် ဓမ္မတာလာချိန်မှာ စိတ်ခံစားချက် ပိုဆိုးလာပါလိမ့်မယ်။ ဝမ်းနည်းအားငယ်တာတွေ၊ စိတ်မကြည်တာတွေဖြစ်ပြီး အရမ်းလည်း စိတ်ဆတ်ပါတယ်။ တစ်ခုခုဆို စိတ်က အရမ်းကို sensitive ဖြစ်ပြီး ခံစားလွယ်နေမှာပါ။ ဒါကြောင့် stress မများအောင်နေပါ။ Stress တွေလျော့ကျအောင် အသက်ရှူလေ့ကျင့်ခန်းလုပ်တာမျိုး၊ တရားထိုင်တာမျိုး၊ ယောဂကျင့်တာမျိုး လုပ်ပေးရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။