ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက် ထိုင်းမင်းသမီးလေး Phulita ရဲ့ Pose Ideas တွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာ Pose စဉ်းစားရခက်နေသူများအတွက်တော့ အသုံးဝင်စေမှာပါ။

လက်ထဲမှာ အအေးဘူးရှိနေရင် Phulita ရဲ့ ဒီ Pose လေးကို လိုက်ရိုက်ကြည့်ပါ။ Style ကျပြီးလှတဲ့ ပုံကောင်းတစ်ပုံ ရလာပါလိမ့်မယ်။

ဒီလိုပုံစံလေး Pose ပေးတာဆိုရင် အရမ်းလှပြီး ဆွဲဆောင်မှုရှိပါတယ်။ Phulita လို ဆံပင်လေးလှန်တင်ထားရင် ပိုလှမှာပါ။

မိန်းကလေးဆန်တဲ့ပုံစံလေးရိုက်မယ်ဆိုရင် ဆံပင်ကိုနားထဲသပ်နေတဲ့ပုံလေးလုပ်ပြီး ဘေးတစ်စောင်း လှည့်ကြည့်နေသလို Pose ပေးပါ။

Pose တွေ ထွေထွေထူးထူးမလုပ်ချင်ရင် ဒီလိုလေးသာ Pose ပေးကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး အရမ်းလှတဲ့ ပုံကောင်းတစ်ပုံထွက်လာပါလိမ့်မယ်။ Portrait ရိုက်ရင် ပိုလှမှာပါ။

ကော်ဖီဆိုင်တွေမှာ ရယ်နေပြုံးနေတဲ့ပုံလေးတွေကို Phulita လို Pose ပေးပြီး ရိုက်ကြည့်ပါ။ Portrait ရိုက်ပါ။ အရမ်းလှတဲ့ ပုံကောင်းလေးတွေ ရလာပါလိမ့်မယ်။

Donuts စားရင်းနဲ့လည်း ဒီလိုချစ်စရာကောင်းတဲ့ပုံလေးတွေ ရိုက်လို့ရပါတယ်။ Donuts မရှိလည်း ရှိတဲ့မုန့်နဲ့သာ ရိုက်ချပစ်ပါ။ ဒီလိုပုံလေးတွေက Portrait ရိုက်ပြီး Filter color အနုလေးတွေနဲ့ပြင်ရင် အရမ်းလှပြီး ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။

မေးထောက်ပြီး အဝေးကိုကြည့်နေတဲ့ပုံလေး Pose ပေးပြီး ရိုက်တဲ့သူကလည်း ဘေးကနေရိုက်ပေးပါ။

ဒီလိုပုံလေးတွေရိုက်ရင်လည်း အရမ်းမိုက်ပါတယ်။ ညနေပိုင်းတွေရိုက်ရင် ပိုမိုက်ပါတယ်။ လုံးဝကို အလွမ်းအဆွေး Vibes မျိုး ရစေမှာသေချာပါတယ်။

Phulita ရဲ့ ဒီ Pose လေးဆိုရင် Freestyle ပုံစံလေးနဲ့ လွယ်ကူတဲ့ Pose မျိုးဖြစ်ပါတယ်။ ဒါကြောင့် Freestyle ပုံစံ လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေးတွေ ဝတ်ထားရင် ဒီလိုလေးလည်း Pose ပေးရိုက်ကြည့်ပါ။

Photo source:www.pinterest.com