ဓာတ်ပုံရိုက်ရင် ပို့စ်မပေးတတ်တဲ့ မိန်းကလေးတွေအတွက် 2002 bron လေးဖြစ်တဲ့ ထိုင်းမင်းသမီးချောလေး Benyapa ရဲ့ လွယ်ကူသော ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။
ဓာတ်ပုံရိုက်ရင် ပို့စ်မပေးတတ်တဲ့သူတွေအတွက်တော့ ဒီပို့စ်လေးက အလွယ်ကူဆုံးဖြစ်မှာပါ။ မိန်းကလေးဆန်တဲ့ပုံစံမျိုးလေးပါ။
ကောင်းကင်ကြီးလှနေရင် Benyapa လို ဆံပင်စည်းထားတဲ့ပုံလေးနဲ့ ပို့စ်ပေးရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။
Benyapa ရိုက်တဲ့ဒီပို့စ်လေးနဲ့ ပုံစံလေးဆို အရမ်းချစ်ဖို့ကောင်းပါတယ်။ Dress လေးတွေနဲ့ဆို ပိုလိုက်ပါတယ်။
Portrait ရိုက်မယ်ဆိုရင် ဒီပုံစံလေးက အရမ်းလှပြီး ဆွဲဆောင်မှုရှိသလို မိန်းကလေးလည်းဆန်ပါတယ်။
ဘောင်းဘီရှည်လေးနဲ့ထိုင်ရိုက်မယ်ဆိုရင် ဘယ်လိုနေရမလဲ ပို့စ်မပေးတတ်ရင် Benyapa ရဲ့ ဒီပို့စ်လေးတွေအတိုင်းသာ လုပ်ကြည့်ပါ။
Benyapa ရဲ့ ဒီပို့စ်လေးဆိုရင် ကလေးတစ်ယောက်လို အရမ်းချစ်ဖို့ကောင်းပါတယ်။ Cute type ကြိုက်တဲ့ကောင်မလေးတွေ try ကြည့်သင့်ပါတယ်။
Benyapa ရဲ့ ခေါင်းပေါ်လက်တင်တဲ့ ဒီပို့စ်လေးတွေဆို အရမ်းချစ်ဖို့ကောင်းလို့ တစ်ခါလောက်တော့ရိုက်ကြည့်ဖို့ recommend ပေးပါတယ်။
မီးရောင် lighting ကောင်းတဲ့နေရာရောက်ရင် ဒီလိုမျိုးလေးရိုက်ကြည့်ပါ။ Lighting ကောင်းရင် ပို့စ်တောင် သိပ်ပြီးလုပ်နေစရာမလိုပါဘူး။
တချို့မိန်းကလေးတွေရဲ့ပြဿနာက ဓာတ်ပုံရိုက်တော့မယ်ဆိုရင် လက်ကိုဘယ်နားထားရမှန်း မသိတာပါပဲ။ လက်နှစ်ဖက် ဘယ်နားထားရမှန်းမသိရင်၊ ဘယ်လိုလုပ်ရမှန်းမသိရင် Benyapa လိုသာ ပို့စ်ပေးလိုက်ပါ။
photo source:www.pinterest.com