အချဉ်ဖောက်တတ်တဲ့သူတွေအတွက် အိမ်မှာပဲ သဘာဝနည်းလမ်းတွေကိုသုံးပြီး သက်သာအောင်လုပ်လို့ရမယ့် နည်းလမ်းကောင်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လူတိုင်းအတွက် အသုံးဝင်စေမှာပါ။

သစ်ကြံပိုးခေါက်

အချဉ်ဖောက်တာနဲ့ အစာအိမ်ပြဿနာတွေအတွက် သစ်ကြံပိုးခေါက်က အရမ်းအသုံးဝင်ပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ရေတစ်ခွက်စာကို ဆူပွက်လာအောင်တည်ထားပါ။ ဆူလာပြီဆိုရင် သစ်ကြံပိုးခေါက် – လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး ပျော်ဝင်သွားအောင် မွှေလိုက်ပါ။ ပြီးရင်တော့ တစ်နေ့ ၃ ကြိမ် သောက်ပေးရပါမယ်။

စမုန်စပါး

စမုန်စပါးကလည်း အချဉ်ဖောက်တာကိုသက်သာစေပြီး အစာခြေလမ်းကြောင်းရှင်းစေပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ရေတစ်ခွက်စာကို ဆူပွက်လာအောင်တည်ထားပါ။ ဆူလာပြီဆိုရင် စမုန်စပါး – အနည်းငယ်ထည့်ပြီး မိနစ်နည်းနည်းကြာအောင် တည်ထားပါ။ ပြီးရင်တော့ သေချာမွှေပေးပြီး အားလုံးပျော်ဝင်သွားပြီဆိုရင် သောက်လို့ရပါပြီ။

အုန်းရည်

အုန်းရည်သောက်ပေးခြင်းက အစာအိမ်ရှင်းပြီး အချဉ်ဖောက်တာကိုလည်း သက်သာစေပါတယ်။ အစာခြေစနစ်လည်း ပိုကောင်းစေပါတယ်။

ပူစီနံရွက်

အစာအိမ်နဲ့ အချဉ်ဖောက်တာတွေအတွက်တော့ ပူစီနံရွက်ကလည်း အသုံးဝင်ပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ရေနွေးအိုးကို ဆူပွက်အောင်တည်ထားပြီး ဆူလာပြီဆိုရင် ပူစီနံရွက်တွေကို နုတ်နုတ်ဆင်းလှီးပြီးထည့်ပေးပါ။ ခဏကြာရင်တော့ အအေးခံပြီး သောက်လို့ရပါပြီ။ အချဉ်ဖောက်တာကို သက်သာစေပြီး အစာခြေစနစ်ပိုကောင်းစေပါတယ်။