လက်ရှိ တောင်ကိုရီးယားမှာ ရေပန်းစားလူကြိုက်များနေတဲ့ မင်းသားတွေထဲက တစ်ဦးဖြစ်တဲ့ Kim Bum ဟာ မကြာသေးခင်ကမှ The Tale of a Gumiho ကိုရီးယားဇာတ်လမ်းတွဲထဲမှာ အစ်ကိုကို အရမ်းချစ်တဲ့ ခပ်ဆိုးဆိုး ညီလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပြီး တစ်ဖန်လူကြိုက်များလာခဲ့ပါတယ်။
Starship Entertainment ရဲ့ လက်ခွဲဖြစ်တဲ့ King Kong ကုမ္မဏီ၏အနုပညာရှင်ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ မင်းသားအဖြစ် ပွဲဦးစထွက်ခဲ့ကာ ၂၀၀၉ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Boys Over Flowers ဇာတ်လမ်းတွဲထဲမှာ F4 အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ရာမှတဆင့် ပရိတ်သတ်များ စတင်သတိထားမိလာကြပါတယ်။
အွန်စောအသေးလေးလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီး Moon Geun Young နဲ့ ၇ လကြာတွဲခုတ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်မှာလည်း မင်းသမီး Oh Yeon-Seo နဲ့ တွဲနေတယ်လို့ ထပ်မံသတင်းထွက်ခဲ့ကာ သိပ်မကြာခင်ပဲ လက်တွဲဖြုတ်ခဲ့ကြပါတယ်။
Kim Bum သဘောကျတဲ့ ကောင်မလေးအမျိုးအစားကတော့ ချစ်ဖို့ကောင်းပြီး သူနဲ့ပတ်သက်လို့ နားလည်မှုကို ပေးနိုင်တဲ့သူဖြစ်ဖို့ကလည်း အရေးကြီးပါတယ်လို့ ဆိုထားပါတယ်။ လက်ရှိ အသက် ၃၂ နှစ်ရှိပြီဖြစ်ပေမယ့်လည်း Baby Face မျက်နှာနဲ့ အခုချိန်ထိ ချောလည်းချော ချစ်ဖို့လည်းကောင်းနေသေးတဲ့ Kim Bum ရဲ့ ပရိတ်သတ်တွေအတွက် သူ့ရဲ့ပုံရိပ်လေးတွေကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။
Source: Pinterest