လက်တလောမှာ အိမ်ထဲပဲ နေနေရတယ်ဆိုပေမယ့် အပြင်မှာရှိတဲ့ သဘာဝလောကကြီးနဲ့တော့ အဆက်ပြတ်လို့တော့ ဘယ်ဖြစ်သင့်ပါ့မလဲ။ သဘာဝတရားကြီးဆီ ကိုယ်က မသွားနိုင်တဲ့အခါ ကိုယ့်အိမ်ထဲမှာပဲ သဘာဝတရားကို ပုံတူပွားထားလို့ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

(၁) အိမ်တွင်းအလှပင်လေးတွေ စိုက်ပါ

Young woman cultivating plants at home

Photo: Freepik

House Plants လေးတွေ စိုက်တာဟာ အိမ်ထဲမှာ အလှဆင်ရုံတင် မဟုတ်ပါဘူး။ ကိုယ်နဲ့ စိတ် ကျန်းမာရေးကောင်းကျိုးတွေ အများကြီးလည်း ပေးစွမ်းနိုင်ပါတယ်။ အိမ်တွင်းအလှပင်စိတ်ထားတာဟာ လေထဲက အဆိပ်အတောက်တွေ သန့်စင်ဖယ်ရှားပေးနိုင်သလို စိတ်ချမ်းသာပြီး စိတ်စုစည်းမှုလည်း ပိုကောင်းစေပါတယ်။

(၂) သဘာဝတရားအကြောင်း နောက်ခံ စာအုပ်/ရုပ်ရှင် ဖတ်ပါ ကြည့်ပါ

Woman at home reading

Photo: Freepik

အိမ်ထဲမှာ နေနေချိန် စိတ်ကို ပင်လယ်ကြီးထဲ ရွက်လွှင့်လို့ ရပါတယ်။ တောတောင် မြစ်ချောင်းတွေထဲ သွားလို့ ရပါတယ်။ ဒီအတွက် စာအုပ်ကောင်းတစ်အုပ် ဒါမှမဟုတ် စမတ်ဖုန်းတစ်လုံးပဲ လိုပါတယ်။

(၃) အိမ်‌နောက်ဖေးခြံထဲ ဆင်းပါ

Beautiful woman works in a garden near the house

Photo: Freepik

ခြံနဲ့ ဝင်းနဲ့ နေသူဆိုရင် ကိုယ့်ခြံထဲမှာကို အပင်လေးတွေ စိုက်ရင်း ၊ စာအုပ်လေး ဘာလေး ဆင်းဖတ်ရင်းနဲ့ သဘာဝတရားကြီးနဲ့ ထိတွေ့လို့ ရပါတယ်။ ခြံနဲ့ မဟုတ်ဘဲ တိုက်ခန်းထဲမှာ နေရသူတွေအတွက်တော့ ဝရံတာလို နေရာလွတ်မှာ သစ်ပင်ပန်းပင်လေးတွေစိုက်ပျိုးနိုင်ပါတယ်။

(၄) လက်ကို သဘာဝပန်းအဆီ လူးပါ

Hand of a massage therapist taking a bowl of massage oil

Photo: Freepik

Essential Oil တွေဟာ စိတ်ဖိစီးမှု လျော့ပါးစေသလို သဘာဝတရားကြီးကိုလည်း ခံစားရအောင် ကူညီပေးနိုင်ပါတယ်။ လာဗင်ဒါဆီလိမ်းထားရင် စိတ်ကို ကြည်လင်အေးချမ်းစေပြီး လက်ဖက်ဆီကတော့ မှိုနဲ့ဘက်တီးရီးယားတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခြား Essential Oil တွေအနေနဲ့ Chamomile ၊ Bergamot ၊ Jasmine ၊ Eucalyptus စတာတွေလည်း အသုံးပြုနိုင်ပါတယ်။

(၅) အိမ်ထဲမှာ သဘာဝရှုမျှော်ခင်းတွေနဲ့ အလှဆင်ပါ

Woman painting with watercolors on paper

Photo: Freepik

နံရံတွေမှာ ရေတံခွန်နဲ့ မြစ်ချောင်းတောင်တန်းပုံ ပန်းချီကားနဲ့ ပိုစတာတွေ ချိတ်ဆွဲတာမျိုးနဲ့လည်း အိမ်ထဲမှာတင် သဘာဝတရားကြီးနဲ့ နီးစပ်အောင် နေလို့ ရပါတယ်။ အခန်းထဲမှာ ငြိမ့်ညောင်းတဲ့ စမ်းရေစီးသံလို သဘာဝသံစဉ်တေးသွားလေးတွေ ဖွင့်ပြီးလည်း စိတ်ကို အနားရစေအောင် ဖန်တီးနိုင်ပါတယ်။