ကမ္ဘာ့ဓနအညွှန်းအစီရင်ခံစာအရ ၂၀၁၉ ခုနှစ်ထဲမှာ လူပေါင်း ၄၇ သန်းဝန်းကျင်ဟာ လက်ထဲမှာ ဒေါ်လာ ၁ သန်းနဲ့အထက် ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ ဒါဆို ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံက မီလျံနာအများဆုံး ထွက်တာလဲ။ မီလျံနာအများဆုံး ၅ နိုင်ငံထဲမှာ ဘယ်နိုင်ငံတွေ ပါသလဲဆိုတာ အောက်မှာ ဖော်ပြထားပါတယ်။
(၁) အမေရိကန်နိုင်ငံ
Photo: Unsplash
၂၀၁၀ ခုနှစ်မှာ အမေရိကန်နိုင်ငံဟာ မီလျံနာပေါင်း ၇၄၄၀၀၀၀ ဦး ရှိခဲ့ရာကနေ ၂၀၁၉ မှာ ၁၈၆၁၄၀၀၀ ဦး အထိ တိုးလာခဲ့ပါတယ်။ လူတစ်ဦးချင်းအလိုက် ပျမ်းမျှ ကြွယ်ဝမှုဟာ ၆၅၉၀၄ ဒေါ်လာ ဖြစ်ပါတယ်။
(၂) တရုတ်
Photo: NBC News
လူပေါင်း ၁ ဘီလျံကျော် ရှိတဲ့ တရုတ်နိုင်ငံဟာ ၂၀၁၀ မှာ မီလျံနာ ၃၈၀၀၀ ရှိခဲ့ပြီး ၉ နှစ်အကြာ ၂၀၁၉ မှာ ၄၄၄၇၀၀၀ ဦးအထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ အရွယ်ရောက်သူတစ်ဦးချင်းရဲ့ ပျမ်းမျှ ကြွယ်ဝမှုဟာ ၂၀၉၄၂ ဒေါ်လာ ဖြစ်ပါတယ်။
(၃) ဂျပန်
Photo: Invesco
လူဦးရေ ၁၀၅ သန်းကျော် ရှိတဲ့ ဂျပန်နိုင်ငံရဲ့ အရွယ်ရောက်သူ တစ်ဦးချင်းအလိုက် ပျမ်းမျှကြွယ်ဝမှုဟာ ၁၁၀၄၈၈ ဒေါ်လာအထိ ရှိပါတယ်။ မီလျံနာအရေအတွက်အားဖြင့်လည်း ၂၀၁၀ မှာ လူပေါင်း ၁၉၉၀၀၀၀ ဦးနဲ့ ၂၀၁၉ ခုနှစ်မှာ လူပေါင်း ၃၀၂၅၀၀၀ ဦး ရှိပါတယ်။
(၄) ယူကေ
Photo: Nations Online Project
ယူကေနိုင်ငံရဲ့ အရွယ်ရောက်သူ တစ်ဦးချင်းပျမ်းမျှ ချမ်းသာကြွယ်ဝမှုဟာ ၉၇၄၅၂ ဒေါ်လာ ဖြစ်ပြီး ၂၀၁၀ မှာ မီလျံနာ ၇ သိန်းခွဲနဲ့ ၂၀၁၉ မှာ မီလျံနာပေါင်း ၂၄၆၀၀၀၀ ဦး ရှိတယ်လို့ ဆိုပါတယ်။
(၅) ဂျာမနီ
Photo: New Statesman
၂၀၁၀ ခုနှစ်မှာ ဂျာမနီနိုင်ငံရဲ့ မီလျံနာဦးရေဟာ ၆၁၈၀၀၀ ဖြစ်ပြီး ၂၀၁၉ မှာ မီလျံနာဦးရေ ၂၁၈၇၀၀၀ ဦး ဖြစ်ပါတယ်။ အရွယ်ရောက်သူ တစ်ဦးချင်းအလိုက် ပျမ်းမျှ ကြွယ်ဝမှုဟာ ၃၅၃၁၃ ဒေါ်လာ ရှိပါတယ်။