တစ်ခါတစ်လေကျရင် အကြောင်းအမျိုးမျိုးကြောင့် အခန့်မသင့်ရင် ခြေထောက်ဖူးရောင်လာတာမျိုး၊ ညောင်းညာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို ခြေထောက်ဖူးရောင်ပြီး ညောင်းနေတာတွေ သက်သာစေဖို့ ကူညီပေးမယ့်အရာ ၉ ခုကို မျှဝေပေးလိုက်ပါတယ်။

လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပေးပါ

ခြေထောက်ညောင်းလို့၊ ဖူးရောင်နေလို့ဆိုပြီး ငြိမ်ငြိမ်လေးမနေပါနဲ့။ လေ့ကျင့်ခန်းလုပ်ပြီး လှုပ်လှုပ်ရှားရှားနေပေးပါ။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။ ပြေးတာ၊ လမ်းလျှောက်တာတွေကတော့ သွေးလည်ပတ်မှုပိုမိုကောင်းမွန်စေဖို့ လုပ်ပေးသင့်ပါတယ်။

Stretch

အကြောဆန့်ထုတ်တဲ့ Stretch လေ့ကျင့်ခန်းတွေကို လုပ်ပေးရင် အညောင်းအညာပြေပြီး ခြေထောက်ဖူးရောင်တာတွေလည်း သက်သာလာစေပါတယ်။

Tea or Juice

Black tea, green tea တွေက သွေးလည်ပတ်မှု၊ သွေးစီးဆင်းမှု ပိုမိုကောင်းမွန်စေလို့ မနက်တိုင်း သောက်ပေးပါ။ Beetroot juice ကတော့ vitamins, minerals နဲ့ antioxidants တွေပါလို့ body အတွက် အရမ်းကောင်းပါတယ်။ ညောင်းညာကိုက်ခဲပြီး ဖူးရောင်တာတွေလည်း သက်သာစေဖို့ ကူညီပေးပါတယ်။

Dry Brush နဲ့တိုက်ပေးခြင်း

Dry brush နဲ့ ခြေထောက်ကိုတိုက်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခြေထောက်ညောင်းညာတာ၊ ဖူးရောင်တာ၊ အကြောပြတ်တာတွေကို သက်သာစေပါတယ်။ ပြီးရင်တော့ moisturizer or lotion လိမ်းပေးဖို့လည်း မမေ့ပါနဲ့။

ခြေအိတ်စွပ်နေပါ

ခြေထောက်ဖူးရောင်လာတယ်လို့ ခံစားရရင် ခြေအိတ်လေးစွပ်ပြီးနေလိုက်ပါ။ ဖူးရောင်တာတွေ သက်သာစေပါတယ်။

Massage လုပ်ပါ

ခြေထောက်ကို massage လုပ်နှိပ်နယ်ပေးခြင်းက ညောင်းညာတာတွေ သက်သာစေပြီး ခြေထောက်ဖူးရောင်တာတွေလည်း သိသိသာသာ သက်သာသွားစေပါတယ်။

ဆားခါးနဲ့ရေချိုးပါ

ဆားခါးနဲ့ ရေနွေးနဲ့ကိုစပ်ပြီး စိမ်ချိုးပေးမယ်ဆိုရင်တော့ ညောင်းညာကိုက်ခဲတာတွေ၊ ဖူးရောင်တာတွေ သက်သာစေမယ့်အပြင် ကိုယ်ရောစိတ်ပါ ပေါ့ပါးသွားစေပါတယ်။

Elevate your feet

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို နံရံမှာကပ်ပြီး မြှောက်ထားပေးပါ။ အဲ့အတိုင်း မိနစ် ၂၀ ပြည့်အောင် နေပေးပါ။ ဒီလိုလုပ်ပေးခြင်းက ညောင်းညာကိုက်ခဲတာတွေ သက်သာစေပြီး ခြေထောက်တင်းတာ၊ ဖူးရောင်တာတွေ သက်သာစေပါတယ်။

သက်တောင့်သက်သာဖြစ်စေမယ့်ဖိနပ်

ဖိနပ်ကိုကြိုးတွေပတ်ပြီး ချည်ထားရတာမျိုးတွေစီးရင်လည်း ခြေထောက်ဖူးရောင်ပြီး ညောင်းတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဖိနပ်ကို သက်တောင့်သက်သာဖြစ်တာလေးတွေ ရွေးစီးပေးပါ။