ခံတွင်းအနံ့ ခဏခဏထွက်တတ်တဲ့သူတွေအတွက် အသုံးဝင်စေမယ့် သဘာဝနည်းလမ်း ၉ မျိုးကို မျှဝေပေးလိုက်ပါတယ်။

စမုန်စပါး၊ ဖာလာစေ့၊ ပဲပုပ်စေ့တို့ကို ဝါးပေးခြင်းကလည်း ခံတွင်းအနံ့ဆိုးထွက်လာကို သုတ်သင်ပေးပါတယ်။

ပူစီနံရွက်ကို ရေနွေးနဲ့နှပ်ထားပြီး အေးသွားရင် ပလုပ်ကျင်းပေးပါ။ ခံတွင်းပြဿနာတွေ သက်သာစေပြီး ခံတွင်းအနံ့နံတာလည်း ပျောက်စေပါတယ်။

လေးညှင်းကို ကင်ပြီးတော့ပဲဖြစ်ဖြစ်၊ လှော်ပြီးတော့ပဲဖြစ်ဖြစ် ဝါးပေးခြင်းကလည်း fresh ဖြစ်စေပြီး ခံတွင်းအနံ့သန့်စင်စေပါတယ်။

လတ်ဆက်ပြီး အမျှင်ဓာတ်ပေါများတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို စားပေးခြင်းက အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပြီး ခံတွင်းအနံ့ထွက်တာကို ပျောက်စေပါတယ်။

ရေတစ်ခွက်နဲ့ မုန့်ဖုတ်ဆိုဒါကိုရောပြီး ပလုပ်ကျင်းပေးခြင်းကလည်း ခံတွင်းအနံ့ပျောက်စေပါတယ်။ ခံတွင်းသန့်ရှင်းစေပါတယ်။

ရေကြက်သီးနွေးထဲကို ဆားနည်းနည်းထည့်ပြီး ပလုပ်ကျင်းပေးရင်တော့ ပါးစပ်ထဲက ဘတ်တီးရီးယားတွေ သေစေပြီး ခံတွင်းသန့်စေတယ်၊ ခံတွင်းအနံ့ပျောက်စေပါတယ်။ နေ့တိုင်းလုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။

ဇီရာစေ့ကိုစားပေးခြင်းကလည်း ခံတွင်းအနံ့ဆိုးနံတာကို ပျောက်စေပါတယ်။

ရေများများသောက်ပေးပါ။ ရေများများသောက်ပေးခြင်းက အပူအပုပ်လည်းကင်းစေပြီး ခံတွင်းအနံ့နံတာလည်း သက်သာစေပါတယ်။ ရေသောက်နည်းရင် အာခြောက်ပြီး ခံတွင်းအနံ့ထွက်စေပါတယ်။

အသားတွေစားပြီးတိုင်း သွားတိုက်တာပဲဖြစ်ဖြစ်၊ ပလုပ်ကျင်းတာပဲဖြစ်ဖြစ် ပုံမှန်လုပ်ပေးပါ။ သွားကြားမညှပ်ရင်တော့ ရေနဲ့ပဲ ပလုပ်ကျင်းပေးပါ။ အရမ်းသွားကြားညှပ်တဲ့ အသားတွေစားထားရင်တော့ စားပြီးရင် သွားတိုက်ပေးပါ။ အစာအကြွင်းအကျန်တွေကြောင့်လည်း ခံတွင်းအနံ့ထွက်တတ်ပါတယ်။