ခံတွင်းအနံ့ဆိုးနံနေရင် ဒီတိုင်းမထားပဲ ပျောက်အောင်လုပ်သင့်ပါတယ်။ ပိုက်ဆံအကုန်အကျလည်းမများပဲ ဒီလို ခံတွင်းအနံ့ဆိုးနံနေတာကို ပျောက်အောင်လုပ်ပေးနိုင်တဲ့ အိမ်တွင်းဖြစ် သဘာဝနည်းလမ်းကောင်းတွေ အများကြီးရှိပါတယ်။

လတ်ဆတ်တဲ့အသီးအနှံတွေနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို များများစားပေးခြင်းက အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေတဲ့အတွက် ခံတွင်းအနံ့ဆိုးနံတာကိုလည်း ပျောက်စေပါတယ်။

ရေနဲ့ မုန့်ဖုတ်ဆိုဒါကိုရောပြီး ပလုပ်ကျင်းပေးခြင်းကလည်း ခံတွင်းအနံ့ဆိုးတွေကို ပျောက်စေပါတယ်။

ဆားနဲ့ ရေကြက်သီးနွေးကိုရောပြီး ပလုပ်ကျင်းပေးခြင်းက ပါးစပ်မှာရှိတဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးပြီး ခံတွင်းအနံ့ဆိုးတွေကိုပါ ပျောက်စေပါတယ်။

ပူစီနံကို ရေနွေးထဲထည့်စိမ်ပြီး ပလုပ်ကျင်းပေးရင်လည်း ခံတွင်းအနံ့ဆိုးတွေကို ပျောက်စေပါတယ်။ ဒါ့အပြင် ခံတွင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေကိုလည်း သက်သာအောင်လုပ်ပေးနိုင်ပါတယ်။

ရေသောက်နည်းရင်လည်း ခံတွင်းနံ့နံပါတယ်။ ဒါကြောင့် တစ်နေ့ကို ဖန်ခွက် ၈ ခွက်စာ အနည်းဆုံးထားပြီး သောက်ပေးရပါမယ်။

ခံတွင်းအနံ့နံတာပျောက်စေဖို့၊ ခံတွင်းအနံ့မနံစေဖို့အတွက် မနက်အိပ်ယာထတဲ့အချိန်နဲ့ ညအိပ်ယာဝင်ခါနီးတိုင်းမှာ သွားကိုသေချာတိုက်ပေးရပါမယ်။ အစာစားပြီးတိုင်း၊ အသားတွေစားပြီးတိုင်းမှာလည်း ရေနဲ့ပလုပ်ကျင်းတာမျိုးလုပ်ပြီး ခံတွင်းကိုသန့်ပေးရပါမယ်။

စမုန်စပါးစေ့၊ ဖာလာစေ့၊ ပဲပုပ်စေ့တွေကို ဝါးပေးခြင်းကလည်း ခံတွင်းနံ့နံတာကို သက်သာစေပါတယ်။ ဒါ့အပြင် ဇီယာပင်အဆီ (Cumin oil) နဲ့ ပလုပ်ကျင်းပေးရင်လည်း ခံတွင်းနံ့နံတာ ပျောက်စေပါတယ်။

လေးညှင်းတွေကို မီးဖိုပေါ်တင်ပြီး ကင်တာ၊ လှော်တာမျိုးလုပ်ပြီး ဝါးပေးခြင်းကလည်း ခံတွင်းအနံ့နံတာကို ပျောက်စေပါတယ်။

ဝမ်းချုပ်ရင်လည်း ခံတွင်းအနံ့နံပါတယ်။ ဒါကြောင့် ဝမ်းမှန်အောင်လုပ်ပါ။ ကိုယ်ကဝမ်းချုပ်တတ်တယ်ဆိုရင် ဝမ်းနှုတ်ဆေးတွေစားမယ့်အစား ဒိန်ချဉ်ကို ပုံမှန်သောက်ပေးရင်လည်း ဝမ်းမှန်စေပါတယ်။