Gym ဆော့တဲ့သူတွေအနေနဲ့ Gym မှာ လုံးဝမပြုလုပ်သင့်တဲ့အရာ ၈ ခုကို ဖော်ပြပေးလိုက်ပါတယ်။ လာဆော့တဲ့ တခြားသူတွေလည်း အဆင်ပြေအောင်၊ စိတ်အနှောင့်အယှက်မဖြစ်ရအောင် Respect ရှိတဲ့အနေနဲ့ ဒီအရာတွေကို မလုပ်မိဖို့ လိုပါတယ်။

ပစ္စည်းကိရိယာတွေပေါ်ကိုယ့်ချွေးတွေမကျန်ခဲ့ပါစေနဲ့

Gym ဆော့ရင် ချွေးထွက်တာတော့ လူတိုင်းပါပဲ။ ဒါပေမယ့် ကိုယ်ဆော့တဲ့ စက်ပစ္စည်းတွေ၊ နေရာတွေမှာ ချွေးတွေအများကြီးကျန်ခဲ့မယ်ဆိုရင် နောက်ဆော့မယ့်သူအတွက် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါကြောင့် ပြန်သုတ်ပေးခဲ့တာမျိုးပဲဖြစ်ဖြစ် လုပ်ပေးခဲ့မယ်ဆိုရင် အားလုံးအတွက် အဆင်ပြေသွားစေပါတယ်။

မသုံးပဲနေရာမယူထားပါနဲ့

Gym မှာရှိတဲ့ စက်ပစ္စည်းတွေပေါ်မှာ မဆော့ပဲနဲ့ ထိုင်နေတာမျိုး၊ ဖုန်းသုံးနေတာမျိုး၊ အိပ်နေတာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ Respect မရှိရာကျပါတယ်။

စကားအကျယ်ကြီးမပြောပါနဲ့

Gym မှာ ကိုယ်တစ်ယောက်ထဲမဟုတ်ပဲ ဆော့နေတဲ့သူတွေအများကြီးပါ။ ဒီလိုနေရာမှာ တခြားသူတွေကိုအားမနာပဲ တစ်ယောက်ထဲရှိသလို ဖုန်းအကျယ်ကြီးပြောနေတာမျိုး၊ စကားအကျယ်ကြီးပြောပြီး ရယ်မောနေတာမျိုး၊ အော်ဟစ်နေတာမျိုးတွေ မလုပ်သင့်ပါဘူး။ တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။

အကြာကြီးတစ်ယောက်ထဲမသုံးပါနဲ့

Gym မှာဆော့ရတဲ့ စက်ပစ္စည်းတွေကို တစ်နာရီထက်ပိုပြီး တစ်ယောက်ထဲ အကြာကြီးမသုံးသင့်ပါဘူး။ Gym လာဆော့တဲ့သူတိုင်းအတွက် သုံးရမယ့် စက်ပစ္စည်းတွေဖြစ်လို့ တစ်ယောက်ထဲ စိတ်ကြိုက်သုံးနေလို့ မရပါဘူး။

အလေးတုံးတွေကိုပြီးစလွယ်မထားခဲ့ပါနဲ့

အလေးတုံးတွေမပြီးဆော့တဲ့အခါမှာ သူ့နေရာနဲ့သူ ပြန်ထားပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ကိုယ်ဆော့ရင် ဆော့တဲ့နေရာမှာ သုံးတဲ့အလေးတုံးတွေကို ပြီးစလွယ်ထားခဲ့တာမျိုးတွေက Respect မရှိရာကျသလို စည်းကမ်းမရှိတဲ့သူတစ်ယောက်လို့လည်း အထင်ခံရပါတယ်။

တခြားသူတွေကို Pressure မပေးပါနဲ့

တခြားသူက မိနစ်ပိုင်းလောက်ပဲသုံးနေတဲ့ စက်ပစ္စည်းတွေကို ကိုယ်သုံးချင်တာနဲ့ပဲ မပြီးသေးဘူးလားဆိုတဲ့ပုံစံမျိုးနဲ့ အရှေ့မှာသွားကြည့်နေတာမျိုးတွေ၊ စိတ်မရှည်တဲ့ပုံစံမျိုးတွေလုပ်ပြပြီး တခြားသူကို Pressure မပေးသင့်ပါဘူး။

နောက်မကျပါစေနဲ့

ဒီတိုင်း Gym သွားဆော့တာမျိုးဆိုရင်တော့ ကိစ္စမရှိပေမယ့် အချိန်နဲ့ဆော့တဲ့ Gym Class တွေမှာ Join ထားတာဆိုရင်တော့ နောက်ကျတာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ်နဲ့တူတူဆော့တဲ့သူတွေနဲ့ သင်တန်းဆရာပေါ်မှာ Respect မရှိရာကျပါတယ်။

Gym locker room မှာ ကိုယ့်စိတ်တိုင်းကျမနေပါနဲ့

Gym locker room က အများသုံးဖြစ်လို့ ကိုယ်တစ်ယောက်ထဲသုံးရတဲ့ အခန်းလိုမျိုး ကိုယ့်စိတ်တိုင်းကျနေတာမျိုး၊ ဘယ်သူ့မှဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ နေချင်သလိုနေတာမျိုးတွေ မလုပ်သင့်ပါဘူး။ တခြားသူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။

Source: www. brightside.me