ဆံပင်ချွတ်ပြီး ရွှေရောင်ဆိုးတာက လူတိုင်းနဲ့လိုက်ဖက်ဖို့ မလွယ်တဲ့အရောင်ပါ ။ ဒီလိုလူတိုင်းနဲ့လိုက်ဖို့မလွယ်တဲ့ အရောင်ကို ဆိုးထားတဲ့ Idol တွေထဲမှာ ဒီ Idol တွေကတော့ မူလဆံပင်လားလို့တောင်ထင်ရအောင် လိုက်ဖက်တဲ့သူတွေပါ။

IVE’s Liz

Liz က ပွဲဦးထွက်ကတည်းက ရွှေရောင်ဆံပင်နဲ့ ပွဲဦးထွက်ခဲ့ပြီး အရောင်ဖျော့ဖျော့နဲ့ ဒီရွှေရောင်ဆံပင်က သူမနဲ့ အရမ်းလိုက်ပါတယ်။

Stray Kids’ Felix

Felix တစ်ယောက် ဘယ်လောက်ဘဲတခြားအရောင်တွေကို ပြောင်းဆိုးဆိုး နောက်ဆုံးမှာ သူနဲ့လိုက်ဖက်တဲ့ အရောင်ဖျော့ဖျော့နဲ့ ဒီရွှေရောင်ဆံပင်ကိုဘဲ ပြန်ဆိုးလေ့ရှိတဲ့သူပါ။

LE SSERAFIM’s Kim Chaewon

Kim Chaewon တစ်ယောက် မကြာသေးခင်က နောက်ဆုံး comeback အတွက် ဆံပင်အရောင်ချွတ်ပြီး ရွှေရောင်ဆိုးခဲ့ပါတယ်။ ဆံပင်ရွှေရောင်က သူမရဲ့အသားအရေအရောင်နဲ့ တကယ်လိုက်ဖက်တာမလို့ သူမအတွက် ပြီးပြည့်စုံတဲ့ အရောင်ပါ။

SEVENTEEN’s Seungkwan

Seungkwan က ဆံပင်ကို အမြဲအရောင်ဆိုးလေ့မရှိပေမယ့် သူရွှေရောင်ကိုဆိုးတာက သူနဲ့ အရမ်းလိုက်ပါတယ်။

Kep1er’s Huening Bahiyyih

နဂိုဆံပင်အမဲကို မေ့လောက်အောင် ဆံပင်ကို ချွတ်ပြီး ရွှေရောင်အမျိုးမျိုးဆိုးတတ်တဲ့ Huening Bahiyyih က တကယ်လည်း ရွှေရောင်နဲ့လိုက်တဲ့ကောင်မလေးပါ။

NCT’s Jaemin

omeback တိုင်းအတွက် ဆံပင်အရောင်အသစ်ဆိုးလေ့ရှိတဲ့ Jaemin နဲ့ ရွှေရောင်ဆံပင်က သူ့အတွက် အရမ်းသဘာဝကျတဲ့အရောင်ပါ။

BLACKPINK’s Rosé

Rosé နဲ့ ရွှေရောင်ဆံပင်ဆိုတာက အမြဲတွဲရက်ပါ။ ရွှေရောင်ဖျော့ဖျော့လေးက တကယ်ကို သူမရဲ့သိမ်မွေ့တဲ့ပုံစံလေးနဲ့ လိုက်ဖက်ပါတယ်။

TXT’s Soobin

TXT ရဲ့ ခေါင်းဆောင် Soobin က မနှစ်က comeback အတွက် ရွှေရောင်ဆံပင်ကို ဆိုးခဲ့ပါတယ်။ သူက ရွှေရောင်ဆံပင်နဲ့ လိုက်ဖက်လွန်းတာကြောင့် ဆံပင်ကို အရောင်ချွတ်တဲ့အခါတိုင်း ပရိတ်သတ်တွေက အမြဲတမ်း စိတ်လှုပ်ရှားနေတတ်ပါတယ်။