ခံတွင်းအနံ့နံတာက လူတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါမှာ အဆင်မပြေပါဘူး။ ဝမ်းချုပ်လို့ ခံတွင်းအနံ့နံတယ်ဆိုတာထက် သွားကျန်းမာရေးကို ဂရုမစိုက်ရင်လည်း နံတာပါပဲ။ ဒါကြောင့် ခံတွင်းအနံ့နံတဲ့သူတွေအတွက် ခံတွင်းအနံ့နံတာကို ပျောက်အောင်လုပ်ပေးနိုင်တဲ့ နည်းလမ်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။

တစ်နေ့ ၂ ကြိမ်သွားတိုက်ပါ

တော်တော်များများ ညပိုင်းသွားတိုက်ရမှာကို ပျင်းပြီး မနက်တစ်ကြိမ်ပဲ တိုက်ကြတာများပါတယ်။ တကယ်တော့ ညပိုင်းက ပိုတောင်အရေးကြီးပါသေးတယ်။ တစ်နေကုန်စားထားတဲ့ အစာအကြွင်းအကျန်တွေ ရှိနေတာပါ။ ဒါကြောင့် တစ်နေ့ ၂ ကြိမ် သွားတိုက်ပေးပါ။

စမုံစပါးအစေ့

စမုံစပါးအစေ့ကို ဝါးပေးတာက ခံတွင်းအနံနံတာ သက်သာပျောက်ကင်းစေပါတယ်။

ပုံမှန် Check Up လုပ်ပါ

သွားကျန်းမာရေးအတွက် ပုံမှန် တစ်လတစ်ခါမဟုတ်ရင်တောင် ၃ လတစ်ခါ၊ အနည်းဆုံး ၆ လတစ်ခါတော့ သွားဆရာဝန်နဲ့ Check Up လုပ်ပေးပါ။ သွားခြစ်တာမျိုးလည်း လုပ်ပေးပါ။ သွားကျန်းမာရေးကို ဂရုမစိုက်ရင်လည်း ခံတွင်းအနံ့နံပြီး သွားပျက်စီးပါတယ်။

ရေများများသောက်ပါ

ရေများများသောက်ပေးတာကလည်း ခံတွင်းအနံ့ကောင်းစေပါတယ်။ မနက်အိပ်ယာနိုးတာနဲ့ ရေတစ်ခွက်သောက်ပါ။ ရေသောက်နည်းရင် အာခြောက်ပြီး ခံတွင်းအနံ့နံပါတယ်။

လျှာခြစ်ပါ

လျှာခြစ်တဲ့အတံလေးနဲ့ လျှာကိုခြစ်ပေးတာက Dead Cells တွေ၊ Fungi နဲ့ Bacteria တွေကို ဖယ်ရှားပေးပြီး ခံတွင်းအနံ့နံတာ ပျောက်စေပါတယ်။

ပလုတ်ကျင်းပါ

အစာစားပြီးတိုင်း သွားတိုက်နေရင် ရေစီးကမ်းပြိုလာမှာပါ။ သွားက မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပဲ တိုက်ရမှာပါ။ ကျန်တဲ့အချိန်တွေမှာ အသားတွေစားပြီးတိုင်း ရေနဲ့ပလုတ်ကျင်းပေးပါ။ ဒါဆို ခံတွင်းအနံ့မနံတော့ပါဘူး။

ဝမ်းမချုပ်ပါစေနဲ့

ဝမ်းချုပ်ရင် ခံတွင်းအနံ့ပါ နံလာစေပါတယ်။ ဒါကြောင့် ဝမ်းမချုပ်အောင်လည်း ဂရုစိုက်ပေးပါ။