ဗိုက်ဆာနေတဲ့အချိန်မှာ မလုပ်သင့်တဲ့အရာ ၇ ခုရှိပါတယ်။ ကိုယ့်ကိုယ်ကိုဂရုစိုက်ရမှာ ကိုယ်တိုင်ဖြစ်လို့ ခန္ဓာကိုယ်ထိခိုက်မယ့်အရာတွေ၊ ကျန်းမာရေးထိခိုက်မယ့်အရာတွေဆိုရင် သတိထားဆင်ခြင်သင့်ပါတယ်။

ကော်ဖီမသောက်ပါနဲ့

တချို့ကော်ဖီကြိုက်တဲ့သူတွေဆိုရင် ဗိုက်ဆာလို့ဆိုပြီး ကော်ဖီသောက်တတ်ကြပါတယ်။ ဗိုက်ဆာနေတဲ့အချိန်မှာ ကော်ဖီသောက်လိုက်ရင် ရင်တုန်ပြီး နေလို့မကောင်းတော့တာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ကော်ဖီသောက်ချင်တယ်ဆိုရင်လည်း မုန့်ပါတွဲစားပါ။ ကော်ဖီချည်းပဲ မသောက်ပါနဲ့။

အရက်မသောက်ပါနဲ့

ဗိုက်ဆာနေတဲ့အချိန်မှာ အရက်သောက်ရင် ကျန်းမာရေးထိခိုက်သလို၊ အစာအိမ်လည်း အရမ်းထိပါတယ်။ ဗိုက်ဝအောင် အစာပဲအရင်စားပါ။

ဆေးမသောက်ပါနဲ့

ဆေးသောက်မယ်ဆိုရင် တစ်ခုခုစားပြီးမှသောက်ပါ။ ကိုယ်ဆေးသောက်မယ့်အချိန်မှာ ဗိုက်ဆာနေရင် အရင်ဗိုက်ဖြည့်ပြီးမှသောက်ပါ။ ဒီတိုင်းဆေးတန်းသောက်ရင် အစာအိမ်ထိပါမယ်။

လေ့ကျင့်ခန်းမလုပ်ပါနဲ့

ဗိုက်ဆာနေတဲ့အချိန်မှာ လေ့ကျင့်ခန်းလုပ်ရင် အားပိုယုတ်ပီး ပုံမှန်ထက်ပိုမောလာမယ်၊ ရင်တုန်လာမယ်၊ ခေါင်းမူးလာပါမယ်။

မအိပ်ပါနဲ့

ဗိုက်ဆာတယ် ဘာမှလည်းစားစရာမရှိဘူး၊ ထမစားချင်တော့ဘူးဆိုပြီး မအိပ်လိုက်ပါနဲ့။ ဗိုက်ဆာနေရင် တော်ရုံနဲ့အိပ်မပျော်ပါဘူး။ အဆာခံတာကြာလာရင် အစာအိမ်အောင့်လာပါလိမ့်မယ်။

ပီကေမဝါးပါနဲ့

ဗိုက်ဆာရင် အဆာပြေအချိုစားပေးရတယ်ဆိုပေမယ့် သကြားလုံးစားတာက ရပါတယ်။ ပီကေဝါးမယ်ဆိုရင်တော့ အချိုကုန်တာနဲ့ ထွေးထုတ်ပါ။ အကောင်းဆုံးကတော့ ၁၀ ထက် ပိုမဝါးပါနဲ့။

ချည်တာ၊ စပ်တာတွေ မစားပါနဲ့

အရမ်းဗိုက်ဆာနေတဲ့အချိန်မှာ စားချလိုက်တဲ့ အစားအသောက်တွေက အရမ်းချည်တာတွေ၊ စပ်တာတွေဆိုရင် အစာအိမ်ထိခိုက်စေတာကြောင့် မစားသင့်ပါဘူး။