တတ်တူးထိုးတဲ့အခါ အများစုက လက်မောင်းနဲ့ကျောမှာထိုးတတ်ကြပေမယ့် တချို့ကတော့ သူများနဲ့မတူအောင် တခြားလူမထိုးတဲ့နေရာတွေမှာ ထိုးတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာဝန်တွေနဲ့ တတ်တူးပညာရှင်တွေ ကိုယ်တိုင်က ပြောထားတဲ့ တတ်တူးထိုးဖို့ မသင့်တော်တဲ့နေရာတွေရှိပါတယ်။ ထိုးပြီးနောက်မှ နောင်တမရရအောင် ဒီနေရာ ( ၇ ) ခုကိုတော့ ရှောင်သင့်ပါတယ်။

တံတောင်ဆစ်

တံတောင်ဆစ်နေရာကအရေပြားက အရမ်းထူပြီး အဖုအထစ်တွေအများကြီးရှိတာမလို့ ဒီနေရာမှာ တတ်တူးထိုးမယ်ဆိုရင် ပုံမှန်ထက်အချိန်ပိုပေးရမှာပါ။ ထိုးပြီးနောက်ပိုင်းမှာ Moisturizer မသုံးပေးဘူးဆိုရင် အရောင်ကျဖို့လည်း ပိုမြန်ပါတယ်။

ချိုင်းကြား

ချိုင်းကြားနေရာက တတ်တူးထိုးရင် အရမ်းနာတဲ့နေရာတွေထဲတစ်ခုမလို့ ဒီဝေဒနာကို သင်ခံစားနိုင်မယ်မထင်ပါဘူး။

ဒူးနောက်

ဒူးအနောက်ဘက်က ထိခိုက်လွယ်တဲ့အာရုံကြောတွေ အများကြီးရှိတာမလို့ ဒီနေရာမှာထိုးတာက မသင့်တော်တဲ့နေရာပါ။

လက်နဲ့လက်ချောင်း

ဒီနေရာတွေက တက်တူးထိုးဖို့ ရေပန်းစားတဲ့နေရာတွေဖြစ်ပေမယ့် လက်နဲ့လက်ချောင်းတွေမှာ တက်တူးထိုးတဲ့အခါ နေရောင်က တက်တူးကို အများကြီးပျက်စီးစေနိုင်ပါတယ်။

နံရိုး

နံရိုးနားထိုးတဲ့တတ်တူးက သေချာပေါက် ကြည့်ကောင်းပေမယ့် နံရိုးကို တက်တူးထိုးတဲ့အချိန် ခံစားရမယ့်ဝေဒနာကတော့ တော်တော်ပြင်းပါတယ်။

မျက်နှာ

မျက်နှာက အထိအခိုက်မခံတဲ့နေရာမလို့ မျက်နှာပေါ်မှာ တတ်တူးထိုးမယ်ဆို ၂ နှစ် ၃ နှစ်လောက်ဘဲခံမယ်လို့ တက်တူးအနုပညာရှင်များက ပြောထားကြပါတယ်။ နောက်တခုက မျက်နှာမှာ တတ်တူးထိုးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် Sunscreen ကို နေ့တိုင်းလိမ်းဖို့ မမေ့ပါနဲ့။

ခြေကျင်းဝတ်

ခြေကျင်းဝတ်မှာ တတ်တူးထိုးတဲ့အခါ ဖိနပ် ခြေအိတ်တွေနဲ့ပွတ်တိုက်မှုများလွန်းရင် အရောင်ကျလွယ်မှာ အသေချာပါ။နောက်တခုက ဒီနေရာမှာထိုးတဲ့အခါ ခံစားရမယ့်နာကျင်မှုက နံရိုးမှာထိုးတဲ့အချိန် နာတဲ့အရှိန်နဲ့အတူတူပါပဲ။