Workout လုပ်နေကြတဲ့သူတွေအတွက် workout လုပ်တဲ့အခါမှာ အများဆုံးလုပ်လေ့ရှိတဲ့အမှားတွေနဲ့ ရှောင်ကြဉ်သင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

Plan or Goal မရှိပဲလုပ်နေခြင်း

Workout လုပ်တော့မယ်ဆိုရင် ကိုယ်ဘာဖြစ်ချင်တာလဲဆိုတဲ့ goal ရယ်၊ ကိုယ်ဖြစ်ချင်တဲ့ body အတိုင်းရလာဖို့အတွက် သေချာလုပ်ရမယ့် workout plan ရယ်ရှိဖို့လိုပါတယ်။ ဝိတ်တော့ကျချင်တယ် ဒါပေမယ့် plan သေချာဆွဲပြီးမလုပ်နိုင်ဘူး။ ဝိတ်ကျတဲ့ဟာဆိုရင်ပြီးရောဆိုပြီး လုပ်လိုက်တာမျိုးက လုံးဝမထိရောက်ပါဘူး။

တစ်ခါထဲနဲ့အလွန်အကျွံလုပ်ခြင်း

Workout လုပ်တဲ့အခါ ကိုယ့်လုပ်ရမယ့် လေ့ကျင့်ခန်းတွေကို သေချာ plan မလုပ်ထားပဲ တစ်နေ့ထဲမှာတင် ကိုယ်လုပ်နိုင်သလောက် အများကြီးစုလုပ်လိုက်တာ၊ တစ်ခါထဲနဲ့ အလွန်အကျွံလုပ်တာမျိုးကလည်း အရမ်းမှားပါတယ်။ ထိရောက်မှုလည်းမရှိပါဘူး။ တစ်နေ့ထဲနဲ့ပင်ပန်းသွားပြီး နောက်နေ့ကျ ဆက်မလုပ်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။

သက်တောင့်သက်သာဖြစ်တာတွေပဲရွေးလုပ်ခြင်း

Workout လုပ်တဲ့အခါမှာ ဒီတစ်ခုကတော့ မလုပ်နိုင်ဘူး၊ ခက်တယ်၊ ပျင်းတယ်ဆိုပြီး လွယ်တာလေးတွေပဲ ရွေးုလုပ်တာမျိုး၊ သက်တောင့်သက်သာဖြစ်တာတွေပဲ ရွေးလုပ်တာမျိုးက မထိရောက်ပါဘူး။ လုပ်မယ်ဆိုရင်လည်း ပင်ပန်းရတာနဲ့တန်အောင် သေချာထိထိရောက်ရောက် လုပ်သင့်ပါတယ်။

ပျက်ကွက်ခြင်း

Workout ကို စစလုပ်ခြင်းမှာတော့ တက်ကြွပြီး နောက်ပိုင်းကျပျင်းပြီး လုပ်လိုက်၊ မလုပ်လိုက်နဲ့ ဖြစ်နေမယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ body ကိုရဖို့ အချိန်အရမ်းကြာပါလိမ့်မယ်။ ထိရောက်မှုရာခိုင်နှုန်းလည်း အရမ်းနည်းပါတယ်။

အနားယူချိန်မလုံလောက်ခြင်း

Workout ကို ဆက်တိုက်မနားတမ်းလုပ်နေစရာ မလိုပါဘူး။ တစ်ခုလုပ်ပြီး စက္ကန့် ၃၀ အထိ နားလို့ရပါတယ်။ အနားယူချိန်မလုံလောက်ပဲ ဆက်တိုက်လုပ်နေမယ်ဆိုရင်လည်း အရမ်းပင်ပန်းပြီး ဆက်မလုပ်နိုင်တော့ပါဘူး။ ဒါပေမယ့် workout တစ်ခုနဲ့တစ်ခုကြားမှာ တစ်မိနစ်ထက်ပိုနားတာမျိုးတော့ မလုပ်ရပါဘူး။

Workout လုပ်နေစဉ်ဖုန်းသုံးခြင်း

Workout လုပ်နေစဉ်မှာ ဖုန်းသုံးလိုက်ရင် ဖုန်းထဲမှာမျောသွားပြီး နားချိန်က တစ်မိနစ်ထက် ပိုကြာသွားပါလိမ့်မယ်။ လုပ်နေရင်းနဲ့လည်း ပျင်းလာတာမျိုး ဖြစ်တတ်ပါတယ်။

Workout လုပ်နေစဉ်ရေသောက်ခြင်း

Workout လုပ်နေစဉ်မှာ ရေသောက်တာမျိုး မလုပ်ရပါဘူး။ အရမ်းသောက်ချင်လာရင်တောင် နည်းနည်းလေးပဲ သောက်သင့်ပါတယ်။ အများကြီးသောက်ချလိုက်ရင် workout လုပ်လို့ အဆင်မပြေတော့ပါဘူး။ ဒါပေမယ့် workout လုပ်ပြီးတဲ့အချိန်မှာတော့ ချွေးတွေထွက်ပြီး ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်ဖြည့်ဖို့အတွက် ရေကို လုံလောက်အောင် သောက်ပေးရပါမယ်။