ကိုယ့်ရဲ့မိန်းကလေး သူငယ်ချင်းကို လက်ဆောင်ပေးဖို့ရှိနေရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်သူ ကောင်မလေးကို လက်ဆောင်ပေးဖို့ရှိနေရင်ပဲဖြစ်ဖြစ်၊ ကိုယ့်အသိမိန်းကလေးကို လက်ဆောင်ပေးစရာ ရှိနေရင်ပဲဖြစ်ဖြစ် ဘာပေးရမှန်းမသိဖြစ်နေကြတဲ့ သူတွေအတွက် မိန်းကလေးအများစု သဘောကျမယ့် လက်ဆောင် ၇ မျိုးကို ပြောပြပေးလိုက်ပါတယ်။

နှုတ်ခမ်းနီ

နှုတ်ခမ်းနီက မိန်းကလေးတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်လို့ နှုတ်ခမ်းနီသာ လက်ဆောင်ပေးလိုက်ပါ။ မိန်းကလေးတိုင်း သဘောကျပါတယ်။

မိတ်ကပ်

သူလိမ်းနေကျမိတ်ကပ် foundation, powder pact ဒါမှမဟုတ် သူလိုချင်နေတဲ့ foundation, powder pact စတာတွေကို လက်ဆောင်ပေးရင်လည်း မိန်းကလေးတွေက သဘောကျပါတယ်။

Skincare

အခုခေတ်မှာ skincare မလုပ်တဲ့သူက ရှားပါတယ်။ Skincare လက်ဆောင်ရရင် မပျော်တဲ့သူကလည်း မရှိသလောက်ပါပဲ။ ဒါကြောင့် skincare လက်ဆောင်ပေးပါ။ အရမ်းသဘောကျပြီး ပျော်သွားပါလိမ့်မယ်။

ရေမွှေး

မိန်းကလေးကိုပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးကိုပဲဖြစ်ဖြစ် လက်ဆောင်ပေးလို့ အကောင်းဆုံးကတော့ ရေမွှေးပါပဲ။ သူသုံးနေကျရေမွှေး (သို့) ရေမွှေးအကောင်းစားလေး၊ အနံ့ကောင်းတာလေး လက်ဆောင်ပေးပါ။ သဘောကျပါလိမ့်မယ်။

အိတ်

မိန်းကလေးတွေကို အိတ်ပေးလို့လည်း အရမ်းကောင်းပါတယ်။ လက်ကိုင်အိတ်၊ wallet အကုန်ပေးလို့ကောင်းပါတယ်။ မိန်းကလေးတိုင်းလည်း သဘောကျပါတယ်။

ဖိနပ်

ဒေါက်ဖိနပ်ကြိုက်တဲ့ မိန်းကလေးဆိုရင် ဒေါက်ဖိနပ်လှလှလေးသာ လက်ဆောင်ပေးလိုက်ပါ။ Sneakers စီးရတာကြိုက်တဲ့ မိန်းကလေးဆိုရင် sneakers လက်ဆောင်ပေးပါ။ သဘောကျမှာ သေချာပါတယ်။

ပန်းစည်း

ပန်းမကြိုက်တဲ့ မိန်းကလေးကရှားပါတယ်။ ဒါပေမယ့် ပန်းစည်းလှလှလေး လက်ဆောင်ပေးရင်တော့ မကြိုက်တဲ့သူ မရှိပါဘူး။ ပန်းစည်းရရင် စိတ်ပျော်ရွှင်ကြည်နူးရပါတယ်။ အမှတ်တရလည်းဖြစ်စေတာကြောင့် လက်ဆောင်ပေးလို့ အရမ်းကောင်းပါတယ်။