မင်္ဂလာပါနော်။ အခုခေတ်မှာ လူတော်တော်များများဟာ ပုံမှန်လေ့ကျင့်ခန်းလုပ်တာနဲ့ပက်သက်ပြီး စိတ်ဝင်စားလာကြသလို အိမ်မှာအနေများတာကြောင့် Gym သွားတာထက် Youtube ဗီဒီယိုတွေကြည့်ပြီး လေ့ကျင့်ခန်းလုပ်လာကြပါတယ်။ အလားတူ နေ့စဉ်နီးပါး လေ့ကျင့်ခန်းဗီဒီယိုတွေ မျှဝေပေးနေတဲ့ Youtubers တွလည်း အများကြီးရှိလာတာမို့ ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ကိုက်ညီပြီး အမှန်တကယ် ထိရောက်မယ့် လေ့ကျင့်ခန်းဗီဒီယိုတွေကို ရွေးချယ်တတ်ဖို့ လိုလာပါပြီ။ အာရှနိုင်ငံတွေရဲ့ စားသောက်မှုပုံစံနဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံတွေက သိပ်မကွာကြတာမို့ အခုဖော်ပြပေးမယ့် ကိုးရီးယား Youtubers တွေရဲ့လေ့ကျင့်ခန်းတွေက သင့်အတွက်အမှန်တကယ် အကျိုးရှိစေမှာပါ။ ဒီတော့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်။

Jiny Diet

Jinny ရဲ့ Channel မှာတော့ တင်ပါး၊ ပေါင်၊ ခြေသလုံးစတဲ့ အဆီချရခက်တဲ့နေရာတွေအတွက် လေ့ကျင့်ခန်းတွေ Share ပေးတတ်ပြီး ရေရှည်ဝိတ်ပြန်မတက်အောင် စားသောက်မှုနည်းလမ်းတွေကိုပါ မျှဝေပေးထားတာကို တွေ့ရပါတယ်။

Shirlyn Kim

Shirlyn Kim ကတော့ Full Body နဲ့ ဗိုက်အဆီအတွက် Workout ဗီဒီယိုတော်တော်များများတင်လေ့ရှိပြီး သူမရဲ့ Channel မှာ အရပ်ရှည်ချင်သူတွေလုပ်ရမယ့် လေ့ကျင့်ခန်းတွေကိုပါ ဖော်ပြထားပါတယ်။

VitaminJINY

VitaminJINY ကတော့ သူမရဲ့ Workout ဗီဒီယိုတွေမှာ ကိုယ်တိုင်လည်းလုပ်ရင်း ကြည့်ရှုသူတွေအတွက် နည်းလမ်းမှန်မှန် လုပ်နည်းလေးတွေကိုပါ သွက်သွက်လက်လက်ပြောပြပေးတတ်တဲ့ Youtuber တစ်ယောက်ဖြစ်တာမို့ ပျင်းစရာမကောင်းဘဲ သူငယ်ချင်းတစ်ယောက်နဲ့အတူလုပ်ရသလို ခံစားရစေမှာပါ။

Thankyou BUBU

Thankyou BUBU Channel က အသေးစိတ်ရှင်းပြပေးပြီး ဖြေးဖြေးချင်းလိုက်လုပ်နိုင်တဲ့ ဗီဒီယိုတွေ တင်ပေးတတ်တာမို့ Gym ဆရာနဲ့အနီးကပ်သင်ရသလို ခံစားရစေပြီး လေ့ကျင့်ခန်းစလုပ်မယ့် Beginner တွအတွက်လည်း အရမ်းအဆင်ပြေပါတယ်။

MIZI

အဆီပိုမရှိဘဲ ကျစ်လျစ်နေတဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ကိုယ်တိုင်ပိုင်ဆိုင်ထားတဲ့ Youtuber မလေး MIZI ရဲ့ လေ့ကျင့်ခန်းဗီဒီယိုတွေကလည်း လေ့ကျင့်ခန်းပုံမှန်လုပ်တတ်သူတွေအတွက် သိသာပြီးအကျိုးရှိတဲ့ ရလဒ်ကိုရစေမှာပါ။

Sunny Funny Fitness

ဒါကတော့ Cadio ပုံစံ ကခုန်ပေးရင်း အဆီလည်းကျစေမယ့် အကလေ့ကျင့်ခန်းတွေတင်ပေးလေ့ရှိတဲ့ Channel ဖြစ်ပြီး ရိုးရိုးလေ့ကျင့်ခန်းတွေထက် လုပ်ရတာပိုပျော်ဖို့ကောင်းစေမှာပါ။

Source: youtube