နေ့စဉ်ဘဝမှာ သတိမထားမိတဲ့ တော်တော်များများ ပြုလုပ်မိလေ့ရှိကြတဲ့ အမှား ၆ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒါမှ အမှန်ပြင်ပြီး ဆင်ခြင်လို့ရမှာပါ။ ဒီတော့ ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်…။

သွားတိုက်ဆေးထည့်တဲ့အခါ

သွားတိုက်ဆေးထည့်ပြီး သွားတိုက်တဲ့အခါ တော်တော်များများက အများကြီးထည့်တိုက်တတ်ပါတယ်။ တကယ်တော့ နည်းနည်းပဲထည့်ပြီးတိုက်ရုံနဲ့တင် လုံလောက်ပါတယ်။

Tea Bag

Tea Bag စိမ်သောက်တဲ့အခါ အထုပ်ကိုဖယ်ထုတ်လိုက်တာမျိုး မလုပ်ရပါဘူး။ ဒုတိယပုံမှာ ပြထားသလိုလေးစိမ်ပြီးပဲ သောက်ပေးပါ။

အဝတ်အစားထည့်တဲ့အခါ

ခရီးဆောင်အိတ်ထဲကို အဝတ်အစားထည့်ရင် တော်တော်များများက ပုံမှန်အတိုင်းခေါက်ပြီး ထည့်ကြတာပါ။ အဲ့လိုဆိုရင် အဝတ်အစားက သိပ်ပြီးဆံ့မှာမဟုတ်ပါဘူး။ ဒုတိယပုံထဲကလိုမျိုးလေး ထည့်မှသာ များများဆံ့ပြီး စနစ်တကျလေး ပိုဖြစ်မှာပါ။

ပေါင်မုန့်လှီးတဲ့အခါ

ပေါင်မုန့်လှီးတဲ့အခါမှာတော့ အတည့်အတိုင်းလှီးရင် ပေါင်မုန့်တွေကြေပြီး ပဲ့ကုန်မှာပါ။ ဒါပေမယ့်လည်း တော်တော်များများက အဲ့လိုပဲလှီးနေကြတာပါ။ အခုကစပြီး ဒုတိယပုံထဲကလို ပြောင်းပြန်လှန်ပြီး လှီးကြည့်ပါ။ ပေါင်မုန့်လုံးဝကို မကြေသွားစေပါဘူး။

Foundation အရောင်ရွေးတဲ့အခါ

Foundation အရောင်ရွေးတဲ့အခါမှာ ကိုယ့်မျက်နှာအသားအရေနဲ့ ကိုက်ညီတာမျိုး လိုချင်ရင် လည်ပင်းမှာစပ်ပါ။ လက်မှာစမ်းတာ၊ မျက်နှာပေါ်တင်စမ်းတာမျိုး မလုပ်ပါနဲ့။

ပန်းကန်ခြောက်အောင်လုပ်တဲ့အခါ

ပန်းကန်ဆေးပြီး ရေခြောက်အောင်လုပ်မယ်ဆိုရင် တော်တော်များများက ပန်းကန်ကို မှောက်ထားတာမျိုးပဲ လုပ်ကြပါတယ်။ အဲ့လိုလုပ်မယ့်အစား အဝတ်နဲ့သေချာသုတ်တာကမှ ပိုပြီးကောင်းတာပါ။ မြန်မြန်လည်းခြောက်ပါတယ်။