ဦးနှောက်စွမ်းရည် ပိုမိုကောင်းလာစေဖို့အတွက် ထိရောက်တဲ့ယောဂကျင့်စဉ် ၆ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ အသက်ငယ်တဲ့သူဆိုရင် ဦးနှောက်စွမ်းရည် ပိုမိုကောင်းမွန်လာတဲ့အတွက် ဉာဏ်ပိုကောင်းလာပါမယ်။ အသက်ကြီးတဲ့သူတွေဆိုရင်လည်း မှတ်ဉာဏ်အားနည်းလာတဲ့အတွက် မှတ်ဉာဏ်တွေ၊ ဦးနှောက်စွမ်းရည်တွေ ပိုတိုးတက်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဒီယောဂကျင့်စဉ်တွေက အသက်ကြီးငယ်မရွေး လုပ်ပေးနိုင်ပြီး လုပ်သလောက်လဲ အကျိုးရှိစေပါတယ်။
Diamond Pose
ပုံမှာပြထားတဲ့အတိုင်း သေချာလုပ်ပေးပါ။ ခြေဖနောင့်နှစ်ဖက်လုံးက တင်ပါးနဲ့ထိနေအောင်ထိုင်ပါ။ မျက်စိမှိတ်ပြီး အသက်ကို ရှူသွင်းရှူထုတ်လုပ်ပေးပါ။ အနည်းဆုံး ၅ မိနစ်ကနေ ၁၀ မိနစ်အထိ နေပေးရပါမယ်။ ဦးနှောက်မှတ်ဉာဏ် ပိုကောင်းလာမယ့်အပြင် စိတ်ကြည်လင်စေပါတယ်။
Half Spinal Twist Pose
ဒီယောဂကျင့်စဉ်မှာတော့ ပုံမှာပြထားတဲ့အတိုင်းလေး သေချာထိုင်ပေးပြီး လက်ကလည်း ပုံထဲကလိုပဲ လုပ်ထားရပါမယ်။ အဲ့အတိုင်း စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိ ကိုယ်နေနိုင်သလောက် နေပေးပါ။ ပြီးရင်တော့ တစ်ဖက်ပြောင်းပြီး ဘယ်ညာတစ်လှည့်စီ ထပ်နေပေးရပါမယ်။ ဒီယောဂကျင့်စဉ်ကတော့ မနက်ပိုင်းစောစောလုပ်ပေးရင် ပိုကောင်းပါတယ်။
Lotus Pose
ပုံမှာပြထားတဲ့အတိုင်းထိုင်ပေးပြီး မျက်စိမှိတ်ကာ အသက်ကို ခပ်ပြင်းပြင်ရှူသွင်းလိုက်၊ ရှူထုတ်နဲ့ လုပ်ပေးပါ။ အနည်းဆုံး ၁ မိနစ်ကနေ ၅ မိနစ်အထိ ကိုယ်အဆင်ပြေသလောက် လုပ်ပေးရင်ရပါပြီ။ ဦးနှောက်မှတ်ဉာဏ် ကောင်းလာရုံတင်မဟုတ်ပဲ စိတ်လည်းတည်ငြိမ်ကာ stress တွေလျော့ကျလာစေပါတယ်။
Seated Forward Bend
ပုံမှာပြထားတဲ့အတိုင်းနေပေးရမှာဆိုပေမယ့် အခုမှစလုပ်တဲ့သူဆိုရင် အဲ့လောက်ရအောင် မငုံ့နိုင်ပါဘူး။ ဒါပေမယ့် ကိုယ်ရသလောက်ပဲငုံ့ပေးပါ။ လုပ်ရင်းနဲ့မှ အကြောတွေ့ပျော့ပြီး လုပ်နိုင်လာပါလိမ့်မယ်။ တစ်ခါလုပ်ရင် အဲ့ပုံစံအနေအထားအတိုင်း စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိ အဆင်ပြေသလောက် လုပ်ပေးပါ။ ဦးနှောက်မှတ်ဉာဏ် ကောင်းလာစေတဲ့အပြင် အကြောတွေလည်းပြေစေပါတယ်။
Peacock Pose
ဒီယောဂကျင့်စဉ်ဆိုလည်း ပုံမှာပြထားတဲ့ pose အတိုင်း စက္ကန့် ၃၀ လောက်နေပေးရမှာ ဖြစ်ပါတယ်။ ဦးနှောက်မှတ်ဉာဏ် ပိုကောင်းလာစေမယ့်အပြင် ခန္ဓာကိုယ် သန်စွမ်းကျန်းမာစေဖို့အတွက်လည်း အထောက်အကူပြုပါတယ်။
Headstand
ဒီယောဂကျင့်စဉ်ဆိုရင် ပုံမှာပြထားတဲ့အတိုင်း ၁ မိနစ်ကနေ ၅ မိနစ်အထိ နေပေးရမှာပါ။ သူက ဦးနှောက်မှတ်ဉာဏ် ပိုကောင်းလာစေမယ့်အပြင် အစာခြေစနစ်လည်း ပိုကောင်းလာစေတယ်။ ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းစေတယ်။ စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။
နောက်ဆုံး ယောဂကျင့်စဉ် ၂ မျိုးကတော့ မလုပ်တတ်ရင် အန္တရာယ်များတာကြောင့် ယောဂသင်တန်းတက်ပြီးမှ လုပ်သင့်ပါတယ်။