ခြေထောက်ကို ညဘက်ရောက်တိုင်း ရေနွေးနဲ့ ဆားနဲ့ စိမ်ပေးတာပဲဖြစ်ဖြစ်၊ ခြေထောက်စိမ်တဲ့ သဘာဝဆေးရည် စိမ်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးခြင်းက ကျန်းမာရေးအတွက်သာမက တခြားသော ကောင်းကျိုးတွေလည်း ရရှိစေပါတယ်။ အဲ့ထဲကမှ ညတိုင်း ခြေထောက်စိမ်ပေးခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုး ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ရောင်ရမ်းမှုတွေလျော့ကျစေခြင်း

တစ်နေကုန် ညောင်းညာပင်ပန်းလာပြီး အိမ်ပြန်ရောက်ရင် ခြေထောက်တွေ ညောင်းပြီး နာနေတာ၊ ရောင်ရမ်းမှုတွေ ဖြစ်နေတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုဖြစ်လာတဲ့အခါ ညပိုင်း မအိပ်ချင် ခြေထောက်စိမ်လိုက်ပါ။ သွေးလည်ပတ်မှုကောင်းမွန်လာပြီး ခြေထောက် နာကျင်ရောင်ရမ်းမှုတွေ သက်သာစေပါတယ်။

Bacteria တွေကိုကာကွယ်ပေးခြင်း

ခြေထောက်ကို 15 မိနစ်၊ မိနစ် 20 လောက်စိမ်ပေးခြင်းက ခြေထောက်ယားယံစေတဲ့ မှိုဖြစ်စေနိုင်တဲ့ pesky bacteria ကို သက်သာစေပါတယ်။ ခြေဖဝါးမှိုကြောင့် ယားယံတာတွေ သက်သာစေပြီး ခြေသည်းနဲ့ ခြေဖနောင့်၊ ခြေချောင်းကြေားတွေမှာကပ်နေတဲ့ bacteria တွေကိုလည်း သန့်ရှင်းပစ်နိုင်ပါတယ်။

Stress တွေလျော့ကျစေခြင်း

Stress တွေများနေလို့ spa မသွားနိုင်လည်း အိမ်မှာပဲ ခြေထောက်စိမ်ပေးလို့ရပါတယ်။ ညတိုင်းသာစိမ်ပေးပါ။ တစ်နေကုန်ရလာတဲ့ stress တွေလျော့ကျသွားပြီး နေလို့ကောင်းသွားစေပါတယ်။

ခြေဖဝါးနူးညံ့စေခြင်း

ခြေထောက်အသားအရေက ခြောက်သွေ့ပြီး ကွဲအက်တာတွေ ဖြစ်လေ့ရှိပါတယ်။ ဒီလိုမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ညတိုင်း ခြေထောက်စိမ်ပေးပါ။ ခြေထောက်စိမ်ပေးခြင်းက ခြေဖဝါးနူးညံ့လာစေပြီး ခြေဖနောင့် အက်ကွဲကြမ်းတမ်းတာတွေပါ ပျောက်သွားစေပါတယ်။

ခြေထောက်အဆိပ်အတောက်တွေပြေစေခြင်း

ခြေထောက်ကို ညပိုင်းမှာ ရေနွေးနဲ့ ဆားနဲ့စိမ်ပေးရင် သွေးလည်ပတ်မှု ကောင်းမွန်စေတဲ့အပြင် အဆိပ်အတောက်တွေလည်း ပြေစေပါတယ်။ Fresh ဖြစ်သွားတဲ့ ခံစားမှုမျိုးကို ရစေပါတယ်။