တချို့မိန်းကလေးတွေဆိုရင် ဓမ္မတာမမှန်တာမျိုး၊ လာခါနီးရင် အရမ်းကိုက်ပြီး ဗိုက်တွေအောင့်လာတယ်၊ ပြီးရင် မလာသေးတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် မိန်းကလေးများ ဓမ္မတာပုံမှန်လာစေဖို့ ကူညီပေးမယ့်နည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ယောဂလုပ်ပါ

ကိုယ်ရဲ့တစ်နေ့တာမှာ အချိန်ခဏလောက်ဖယ်ပြီး ယောဂပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဓမ္မတာ ပုံမှန်လာစေတဲ့အပြင်၊ ဓမ္မတာလာခါနီး နာကျင်ကိုက်ခဲတာမျိုးတွေကိုလည်း မဖြစ်စေတော့ပါဘူး။ ယောဂကျင့်တာက အရမ်းသိသာပါတယ်။ မိန်းကလေးတိုင်းလုပ်သင့်တဲ့ အရာတစ်ခုပါပဲ။

Wheat grass juice

Wheat grass juice သောက်ပေးခြင်းကလည်း ဓမ္မတာမှန်စေဖို့ ကူညီပေးပါတယ်။ သွေးကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ဓမ္မတာလာမယ့်ရက်နီးရင် ၇ ရက်၊ ၈ ရက်လောက်အလိုမှာ မနက်တိုင်း သောက်ပေးပါ။

သံဓာတ်

သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားပေးခြင်းကလည်း ဓမ္မတာမှန်စေဖို့ ကူညီပေးပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွကတ်တွေ၊ အသီးခြောက်တွေ၊ မုန်လာဥနီတွေကို များများစားပေးပါ။

ပဲနံ့သာစေ့

ပဲနံ့သာစေ့က အမျိုးသမီးများကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ ဟော်မုန်းဓာတ်တွေ balance ဖြစ်စေပြီး ဓမ္မတာမှန်စေပါတယ်။ ပဲနံ့သာစေ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးတစ်ခွက်ထဲထည့်ပြီး တစ်နာရီခွဲကြအောင် စိမ်ထားလိုက်ပါ။ အချိန်ပြည့်ရင် သောက်ပေးရုံပါပဲ။ မနက်တိုင်း အစာအိမ်ထဲ အစာမရှိသေးတဲ့အချိန်မှာ သောက်ပေးတာက ပိုကောင်းပါတယ်။

ရှားစောင်းလက်ပတ်

ရာသီလာခါနီး ၃ ရက်လောက်အလိုမှာ ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းကို ရောခလောက်ပြီး ရေနွေးနဲ့ရောဖျော်ပါ။ ပြီးရင်အဲ့တာကို မနက်ပိုင်း အစာအိမ်ထဲ အစာမရှိသေးတဲ့အချိန်မှာ သောက်ပေးပါ။ ဓမ္မတာလာခါနီး နာကျင်ကိုက်ခဲတာတွေကို သက်သာစေပြီး ဓမ္မတာမှန်စေပါတယ်။