ဖိနပ်ပေါက်တာက နည်းနည်းလေးဆိုရင် ဘာမှမဖြစ်ပေမယ့် တချို့ဆို အရမ်းဆိုးတာတွေ ရှိပါတယ်။ ဒီလိုတွေဖြစ်နေရင်တော့ ဒီတိုင်းမထားပဲ သက်သာပျောက်ကင်းအောင် လုပ်သင့်ပါတယ်။ တချို့ဆိုရင် အမြဲတမ်း အပိတ်ဖိနပ်တွေ စီးရတဲ့အတွက် အမြဲဖိနပ်ပေါက်နေတတ်ပါတယ်။ ဒါကြောင့် ဖိနပ်ပေါက်ထားတဲ့ဒဏ်ရာတွေ ပျောက်စေဖို့အတွက် အိမ်မှာကိုယ်တိုင်လုပ်လို့ရမယ့် နည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ရေခဲ

အလွယ်ကူဆုံးနဲ့ အသက်သာဆုံး နည်းလမ်းကတော့ ရေခဲကပ်တာပါပဲ။ ရေခဲကို အဝတ်အသန့်ထဲထည့်ပြီး ဖိနပ်ပေါက်ထားတဲ့နေရာပေါ်ကို အုံပြီးကပ်ပေးပါ။ ဖြေးဖြေးချင်းစီ ပွတ်ပေးပါ။ နာကျင်တာသက်သာပြီး နီရဲရောင်ရမ်းတာလည်း သက်သာစေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အပင်ရဲ့အတွင်းက ဂျယ်လ်ကိုခြစ်ယူပြီး ဖိနပ်ပေါက်တဲ့နေရာကို ပွတ်ပေးပါ။ အုံထားပေးပါ။ ဒီလိုလုပ်ပေးခြင်းက နာကျင်တာသက်သာပြီး ဖိနပ်ပေါက်ထားတာလည်း သက်သာလာစေပါတယ်။ ဒီနည်းလမ်းက ဖိနပ်ပေါက်ပြီးကျန်ခဲ့တဲ့ အမာရွတ်ကိုလည်း သက်သာစေပါတယ်။ ဒါပေမယ့် အမာရွတ်အတွက်ဆိုရင်တော့ အချိန်ယူပြီး နေ့တိုင်းလုပ်ရမှာပါ။

သွားတိုက်ဆေး

ဖိနပ်ပေါက်ထားတဲ့ ဒဏ်ရာပေါ်ကို သွားတိုက်ဆေးလိမ်းပေးပြီး နာရီအနည်းငယ်ထားပေးပါ။ အချိန်ပြည့်မှ ရေပြန်ဆေးချပါ။ ဒီလိုလုပ်ပေးခြင်းကလည်း ဖိနပ်ပေါက်ထားတာကို သက်သာစေပါတယ်။

ပျားရည်

ပျားရည်စစ်စစ်ကို ဖိနပ်ပေါက်ထားတဲ့ဒဏ်ရာပေါ် လိမ်းပေးပြီး ကြာကြာထားပါ။ ပြီးမှ ရေဆေးချပါ။ ဖိနပ်ပေါက်ပြီး နာနေတာတွေ သက်သာစေပြီး ဒဏ်ရာလည်း သက်သာစေပါတယ်။

နနွင်းမှုန့်နဲ့တမာ

နနွင်းမှုန့်နဲ့တမာကို ရောကြိတ်ပြီး ရေနည်းနည်းနဲ့ ထူထူပျစ်ပျစ်လေးဖြစ်အောင် မွှေပေးပါ။ ပြီးရင်တော့ ဖိနပ်ပေါက်ထားတဲ့ ဒဏ်ရာကိုလိမ်းပေးပါ။ နည်းနည်းကြာကြာထားပြီး ရေဆေးချပါ။ ဖိနပ်ပေါက်ထားတာ သက်သာစေပါတယ်။ ဖိနပ်ပေါက်ပြီးကျန်ခဲ့တဲ့ အမာရွတ်သက်သာဖို့ဆိုလည်း ဒီနည်းလမ်းအတိုင်းပဲ လုပ်ပေးရမှာပါ။ အမာရွတ်အတွက်ဆိုရင်တော့ တစ်နေ့ ၂ ကြိမ် လုပ်ပေးပါ။