Makeup Brush နဲ့ တံခါးကြား၊ ကွန်ပြူတာနဲ့ Keyboard တွေကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ အဆင်မပြေဖြစ်တတ်ပါတယ်။ ကြားလေးတွေကို သန့်ရှင်းရေလုပ်ရတာဆိုတော့ မပြောင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အချိန်ကုန်သက်သာစေမယ့် သန့်ရှင်းရေးလုပ်နည်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

တံခါးကြား၊ မှန်ကြား

တံခါးကြား၊ မှန်ကြားတွေကို သန့်ရှင်းရေလုပ်တဲ့အခါမှာ လက်နဲ့နှိုက်ပြီး အဝတ်နဲ့သုတ်နေတာမျိုးဆို အဆင်မပြေပါဘူး။ ပြောင်မှာလည်း မဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုသန့်ရှင်းရေလုပ်တဲ့ ပစ္စည်းလေးနဲ့ လုပ်ပေးပါ။

Keyboard

Keyboard ကြားတွေကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ Hair Dryer နဲ့မှုတ်တာပဲဖြစ်ဖြစ်၊ ဖုန်စုပ်တဲ့စက်လေးနဲ့ စုပ်တာပဲဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်။

နောက်တစ်မျိုးအနေနဲ့ Cleaning Putty ကိုသုံးပြီးတော့လည်း Keyboard ကို သန့်ရှင်းရေး လုပ်လို့ရပါသေးတယ်။ Keyboard မှာကပ်ပြီး ပြန်ခွာလိုက်ရင် ဖုန်နဲ့အညစ်အကြေးတွေက Cleaning Putty မှာ ကပ်ပါသွားပါလိမ့်မယ်။

ကားနဲ့ကွန်ပြူတာ

ကားထဲက ကြားနေရာလေးတွေနဲ့ ကွန်ပြူတာကို သန့်စင်ဖို့အတွက် Cleansing Brush အသေးလေးတွေကို ဆောင်ထားပါ။ အလွယ်တကူ သန့်စင်လို့ရပြီး တကယ်လည်း ပြောင်ပါတယ်။

ဘီးတွေကို သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း ဘီးအသွားတွေ မယိုင်အောင်လို့ Cleansing Brush အသေးလေးတွေနဲ့ လုပ်လို့ရပါတယ်။

Makeup Brush

Makeup Brush တွေကို သန့်ရှင်းရေးလုပ်ရင် ဒီတိုင်း လက်နဲ့ပွတ်လျှော်တာက မပြောင်ပါဘူး။ Brush အမွှေးလေးတွေ ကျွတ်တာမျိုးလည်း ဖြစ်စေပါတယ်။ ဒါကြောင့် Makeup Brush သန့်ရှင်းရင်သုံးတဲ့ အပြားလေးကိုဝယ်ထားပြီး အဲ့မှာပွတ်ပေးပါ။ အညစ်အကြေးတွေအားလုံး ပြောင်သွားပြီး Makeup Brush လည်း ပျက်စီးတာမျိုး လုံးဝမဖြစ်ပါဘူး။