တစ်ခါတစ်လေ ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ရောက်‌နေပေမယ့် ပျင်းနေတာမျိုးဖြစ်ဖူးလား ? ဒီလိုမျိုး လေ့ကျင့်ခန်းလုပ်ချင်စိတ်ပျောက်နေပြီဆိုရင် ဒီအချက်တွေကို လုပ်ကြည့်ပါ။ သင့်ကို လေ့ကျင့်ခန်းလုပ်ဖို့ Moti ရစေမှာပါ။

သီချင်းနားထောင်ပါ

အရင်ဆုံး ကိုယ်ကြိုက်တဲ့သီချင်းနားထောင်လိုက်ပါ။ စိတ်ကို လန်းဆန်းစေပြီး အာရုံစူးစိုက်မှုရဖို့ Music က ကူညီပေးနိုင်တာမလို့ မြူးတဲ့ ဒါမှမဟုတ် သင့်စိတ်ကို တက်ကြွစေမယ့်သီချင်းမျိုး နားထောင်လိုက်ပါ။

ရေသောက်ပါ

လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကုန်တာကို ပုံမှန်ထက်ပိုမြန်စေပါတယ်။ ဒါကြောင့် ရေဓာတ်ခန်းခြောက်တာကနေကာကွယ်ဖို့ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်းမှာ ရေသောက်ပါ။

ကောင်းကောင်းအိပ်ပါ

အိပ်ရေးမဝရင် လူကအလိုလို ပင်ပန်းနွမ်းမယ်နေပြီး ဘာမှမလုပ်ချင်ဖြစ်နေတတ်ပါတယ်။ လူကတက်ကြွလန်းဆန်းနေမှ လေ့ကျင့်ခန်းလုပ်ဖို့ စွမ်းအင်နဲ့ စိတ်ခံစားချက်ကို ရရှိတာပါ။ ဒါကြောင့် ညဘက်တွေမှာ အိပ်ရေးဝအောင် အိပ်ပါ။ ညဘက်ကောင်းကောင်းအိပ်ပျော်မှ မနက်နိုးလာတဲ့အချိန်မှာ လူကတက်ကြွလန်းဆန်းနေမှာပါ။

အဆာပြေစားပါ

လေ့ကျင့်ခန်းလုပ်ပြီးရင် ခန္ဓာကိုယ်ကပင်ပန်းပြီး ဗိုက်ဆာလာပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီး ကုန်သွားတဲ့စွမ်းအင်တွေပြန်ပြည့်ဖို့ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းတို့လို အာဟာရဓာတ်တွေပါတဲ့ အစားအစာတွေစားပေးပါ။

အစီအစဉ်ဆွဲပါ

သတ်မှတ်ထားတဲ့ရက်တွေမှာ လုပ်မယ့်လေ့ကျင့်ခန်းတွေကို တစ်ပတ်အတွက် အမြဲစီစဉ်ပါ။ ပုံမှန် ဘာလုပ်ရမှန်းစဥ်းစားစရာမလိုဘဲ လေ့ကျင့်ခန်းကို ပုံမှန်လုပ်နိုင်မှာပါ။