ဘာလို့လဲမသိဘူး သွားတွေဝါလာတယ်ဆိုတာမျိုးကို တွေးမိနေပြီဆိုရင်တော့ ဒီအချက်တွေကို လုပ်မိနေလားဆိုတာကို ပြန်စစ်ကြည့်ပါ။ သင်သတိမထားမိသေးတဲ့ သွားတွေဝါညစ်လာရခြင်းရဲ့ အဓိကအကြောင်းအရင်း ၅ ခုရှိပါတယ်။

Soy Sauce အရမ်းစားသုံးခြင်း

အထူးသဖြင့် sushi တွေစားရင် soy sauce လေးနဲ့မှ ပိုပြီးအရသာရှိတာပါ။ တစ်ခါတစ်လေစားတာမျိုးက ဘာမှမဖြစ်ပေမယ့် အရမ်းကြိုက်လို့ဆိုပြီး ခဏခဏစားနေရင်တော့ သွားတွေဝါညစ်လာပါလိမ့်မယ်။

နေ့တိုင်းကော်ဖီသောက်ခြင်း

ကော်ဖီကို နေ့တိုင်းသောက်ရင် သွားတွေဝါညစ်လာပါတယ်။ အကောင်းဆုံးကတော့ နေ့တိုင်းမသောက်တာ အကောင်းဆုံးပါ။ ဒါပေမယ့် မသောက်ပဲမနေနိုင်ဘူးဆိုရင် တစ်နေ့တစ်ခွက်ပဲသောက်ပါ။ တစ်နေ့ကို ၂ ခွက်၊ ၃ ခွက် သောက်နေမယ်ဆိုရင်တော့ သွားတွေက ပိုပြီး ဝါညစ်လာပါလိမ့်မယ်။

သွားမတိုက်ပဲအာလုတ်ကျင်းခြင်း

သွားကို တစ်နေ့ ၂ ကြိမ် သေချာစနစ်တကျ တိုက်ပေးရပါမယ်။ မနက်ပိုင်းတစ်ခါပဲတိုက်ပြီး ကျန်တဲ့အချိန်တွေမှာ အာလုတ်ကျင်းပေးရုံနဲ့တော့ သွားမှာကပ်နေတဲ့ အစာအကြွင်းအကျန်တွေက မပြောင်ပါဘူး။ ကြာလာရင် သွားတွေဝါညစ်လာပါလိမ့်မယ်။

သွားပွတ်တံမလဲခြင်း

သွားပွတ်တံကို ၂ လ တစ်ခါ၊ ၃ လ တစ်ခါလောက် လဲပေးရပါတယ်။ ပုံမှန်မလဲပဲ သွားတိုက်တံဖွာနေတဲ့အထိ ဆက်ပြီးတိုက်နေမယ်ဆိုရင်တော့ သွားမှာကပ်နေတဲ့ အညစ်အကြေးတွေ လုံးဝမပြောင်ပါဘူး။ သွားတိုက်လိုက်တာပဲရှိတယ် ဘာမှထိရောက်မှာမဟုတ်ပါဘူး။ ပြောင်အောင်မတိုက်ရင်၊ သွားကိုသေချာမတိုက်ရင် သွားကတစ်ဖြေးဖြေးနဲ့ ဝါညစ်လာမှာပါပဲ။

ရေသောက်နည်းခြင်း

ရေဓာတ်လိုအပ်နေရင်၊ ရေသောက်နည်းရင်လည်း သွားတွေဝါညစ်စေပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ ရေသောက်နည်းရင် သွားတွေဝါညစ်တဲ့အပြင် ခံတွင်းအနံ့လည်း ဆိုးစေပါတယ်။

source:www.brightside.me