Workout လုပ်တဲ့အခါမှာ တော်တော်များများ မှားယွင်းနေတတ်တဲ့ အချက် ၆ ချက်ကို ပြောပြပေးလိုက်ပါတယ်။ ဒါမှ ကိုယ်လုပ်နေမိတာတွေရှိရင် ပြင်ဆင်ပြီး ဆင်ခြင်လို့ရမှာပါ။ မဟုတ်ရင်တော့ ပင်ပန်းပြီး အကျိုးမရှိတာ၊ ထူးခြားမှုမရှိတာတွေ ဖြစ်လာမှာပါ။

Plan မချပဲလုပ်ခြင်း

Workout လုပ်ပြီဆိုရင် ကိုယ်က ဘာအတွက် Target ထားပြီးလုပ်ရမှာလဲ အရင်စဉ်းစားပါ။ ပြီးရင် ကိုယ့် Target ထားတဲ့အရာနဲ့ပတ်သက်တဲ့ Workout တွေကို သေချာရှာပြီး အချိန်အချိန်နဲ့ အကြိမ်ရေ အတိအကျနဲ့ သေချာလုပ်ပါ။ အဲ့လို Plan သေချာမချပဲလုပ်နေရင် ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။

ကိုယ်သက်သာမယ့်အရာပဲရွေးလုပ်ခြင်း

Workout လုပ်ရင် ပင်ပန်းတာ၊ ခက်တာမလုပ်ချင်ဘူးဆိုပြီး လွယ်တာလေးတွေ ကိုယ်သက်သာမယ့်အရာလေးတွေပဲ ရွေးလုပ်နေရင် ဘာမှထူးမှာမဟုတ်ပါဘူး။ တကယ်ထိရောက်တဲ့ Workout တွေကို သေချာလုပ်ရမှာပါ။ လုပ်မယ်ဆိုရင်လည်း ပင်ပန်းရတာနဲ့တန်အောင် သေချာထိထိရောက်ရောက် လုပ်သင့်ပါတယ်။

မှန်မှန်မလုပ်ခြင်း

ကိုယ်လုပ်ချင်တဲ့နေ့မှလုပ်တယ်၊ မလုပ်ချင်တဲ့နေ့ဆို မလုပ်ဘူးဆိုပြီး ပျင်းနေရင်တော့ ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။ လုပ်တဲ့နေ့ ပင်ပန်းတာပဲ အဖတ်တင်ပါတယ်။ ဒါကြောင့် တကယ်လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင်လည်း မှန်မှန်လုပ်ပါ။ စိတ်ရှည်ပါ။

အလွန်အကျွံလုပ်ခြင်း

Workout လုပ်တဲ့အခါမှာ ကိုယ်လုပ်ရမယ့် Plan အတိုင်း ပုံမှန်သာ လုပ်သွားပါ။ ဖြစ်ချင်ဇောနဲ့ အလွန်အကျွံလုပ်ရင်လည်း ပင်ပန်းတာပဲရှိပါမယ်။ ပင်ပန်းပြီး နောက်နေ့ကျ မလုပ်နိုင်တော့ဘူး၊ လုပ်ရမှာပျင်းသွားတယ်ဆိုတာမျိုး ဖြစ်လာပါလိမ့်မယ်။

ဖုန်းသုံးခြင်း

တော်တော်များများက အထူးသဖြင့် အိမ်မှာပဲလုပ်တဲ့အခါ Workout တစ်ခုလုပ်လိုက်၊ ဖုန်းကြည့်လိုက်နဲ့ လုပ်တတ်ကြပါတယ်။ ဖုန်းထဲအာရုံရသွားပြီး နားတဲ့အချိန်က ကြာသွားတာမျိုးလည်း အရမ်းဖြစ်ကြပါတယ်။ Workout တစ်ခုနဲ့တစ်ခုကြားမှာ မိနစ် ၃၀ လောက်ပဲ နားပေးသင့်တာပါ။ အများဆုံး ၁ မိနစ်ပါ။ ဒါကြောင့် Workout လုပ်နေစဉ် ဖုန်းသုံးတာကို ရှောင်ဖို့လိုပါတယ်။