အိပ်ရေးဝဝမအိပ်ရတာက တစ်ရက်ထဲဆို ကိစ္စမရှိပေမယ့် သုံးရက်လောက်ဆက်တိုက် ဖြစ်လာပြီဆိုရင်တော့ စိတ်ရောလူပါ အဆင်မပြေတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ အဲ့လိုကနေ အိပ်ရေးဝဝမအိပ်ရတဲ့ရက်တွေက များလာပြီဆိုရင် ဒီလိုအရာ ၅ ခုကတော့ သေချာပေါက် ဖြစ်လာတော့မှာပါ။
အချိန်တိုင်းအိပ်ချင်နေခြင်း
ဘယ်တော့မှ အိပ်ရေးဝဝမအိပ်ရရင် လူကအချိန်တိုင်း အိပ်ချင်နေတာမျိုး၊ အိပ်ငိုက်နေတာမျိုး၊ တစ်ခုခုလုပ်နေရင်းနဲ့ အိပ်ချင်လာရင် အိပ်ပျော်သွားလိုက်၊ ပြန်နိုးလာလည်း အိပ်ရေးမဝသလိုဖြစ်ပြီး ပြန်အိပ်ချင်လာလိုက်နဲ့ သံသရာလည်နေမှာပါ။ အဲ့လိုတွေဖြစ်လာရင် အလုပ်ပျက်ပါတယ်။ အလုပ်ထဲမှာလည်း စိတ်မပါတော့ပါဘူး။
အိုမင်းရင့်ရော်လာခြင်း
အိပ်စက်ချိန်မလုံလောက်ရင် ကြာလာတဲ့အခါ မျက်နှာမှာ အရေးအကြောင်းတွေပေါ်လာပြီး အိုမင်းရင့်ရော်တဲ့ပုံစံမျိုး ဖြစ်လာမှာပါ။ ရွယ်တူတွေကြားမှာ ကိုယ်ပဲအိုစာနေသလိုပုံစံတွေ ခံစားရလာပါတယ်။
စိတ်ဆတ်ခြင်း
အိပ်ရေးဝဝမအိပ်ရရင် စိတ်ဆတ်ပါတယ်။ အလိုလိုနေရင်း စိတ်တိုနေတာ၊ ဘာကိုမှစိတ်မရှည်တာ၊ တစ်ဖက်လူက စကားအကောင်းပြောလည်း အမြင်မကြည်၊ ဘုဂလန့်ဖြစ်နေတတ်ပါတယ်။ အဓိကကတော့ လုံးဝစိတ်မကြည်တော့ပါဘူး။
မလန်းဆန်းပဲညစ်နွမ်းနေခြင်း
အိပ်ရေးမဝတော့ လူကတစ်ချိန်လုံးအိပ်ချင်နေမယ်၊ ခေါင်းတွေကိုက်ပြီး ခေါင်းအုံမယ်၊ ခေါင်းမကြည်ဖြစ်မယ်၊ စိတ်ရောလူပါ မလန်းဆန်းတော့ပဲ ကိုယ့်ကိုယ်ကိုကြည့်ရတာလည်း မှိုင်နေသလို၊ ညစ်နွမ်းနေသလို ခံစားရစေပါတယ်။
ဝက်ခြံတွေထွက်လာခြင်း
အိပ်ရေးဝဝမအိပ်ရတာတွေက ရက်တွေဆက်လာရင်၊ အိပ်ရေးပျက်တာတွေ များလာရင် ဝက်ခြံတွေ သိသိသာသာ ထွက်လာမှာပါ။ အထူးသဖြင့်တော့ အိပ်ချိန်လုံလောက်မှုမရှိရင် မေးစိမှာ ဝက်ခြံတွေထွက်လာပါတယ်။