Workout မလုပ်ခင်မှာ မပြုလုပ်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒီထဲမှာ ကိုယ်မသိပဲ လုပ်မိနေတာတွေရှိရင်လည်း အခုကစပြီး ဆင်ခြင်သင့်ပါတယ်။

ဗိုက်ထဲအဆာမရှိပဲမလုပ်ပါနဲ့

ဗိုက်ထဲအဆာမရှိပဲ workout မလုပ်ပါနဲ့။ ဗိုက်တင်းနေအောင် စားသောက်ပြီးမှလည်း မလုပ်ရပါဘူး။ စားသင့်သလောက် စားထားပြီးမှလုပ်ပါ။ အဓိကကတော့ ဗိုက်ထဲအဆာမရှိပဲ workout လုပ်ရင် ခေါင်းမူးတာ၊ ပုံမှန်ထက်ပိုပင်ပန်းတာ၊ အမောမခံနိုင်တာ၊ အားနည်းတာတွေ ဖြစ်တတ်လို့ပါ။

ရေအများကြီးမသောက်ပါနဲ့

Workout မလုပ်ခင်မှာ ရေအများကြီးမသောက်ပါနဲ့။ လုပ်နေတဲ့အချိန်အတွင်းမှာလည်း မောလာရင် ရေကိုနည်းနည်းပဲသောက်ပါ။

အဝတ်အစား

Workout လုပ်တဲ့အခါမှာ အဝတ်အစားကို အရမ်းကျပ်တာမျိုး၊ ဆောင်းတွင်းဆိုလည်း အေးလို့ဆိုပြီး အနွေးထည်တွေပါ ထပ်ဝတ်ပြီးလုပ်တာမျိုးတွေ ရှောင်ရပါမယ်။ Workout လုပ်ရင် သက်တောင့်သက်သာဖြစ်တဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်ပါ။

အနားယူထားဖို့မမေ့ပါနဲ့

အလုပ်တွေပင်ပင်ပန်းပန်းလုပ်ပြီး မနားပဲနဲ့ workout လုပ်မယ်ဆိုရင် ပုံမှန်ထက်ပိုပင်ပန်းပြီး နာကျင်ကိုက်ခဲတာတွေ ဖြစ်လာပါမယ်။ ထင်သလောက်လည်း မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် သေချာအနားယူပြီး အားဖြည့်ပါ။ ပြီးမှ workout လုပ်ပါ။

မလှုပ်ရှားပဲအကြောဆန့်တာမျိုးမလုပ်ပါနဲ့

Workout မလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားတာ အရင်လုပ်ရပါတယ်။ ဒါပေမယ့် မလှုပ်ရှားပဲ ငြိမ်ပြီး အကြောဆန့်တာမျိုးတွေကို မလုပ်ရပါဘူး။ အကြော့ဆန့်တာ၊ အကြောလျှော့တာတွေကိုက workout အားလုံး လုပ်ပြီးသွားတဲ့အခါကျမှ နောက်ဆုံးမှာ လုပ်ပေးရမှာပါ။